ဂရင်းလစ်ရှ် ကို ခေါ်ယူဖို့ရာအတွက် စတင်ဆွေးနွေးနေပြီ ဖြစ်တဲ့ မန်စီးတီး

July 30, 2021 HM 0

မန်ချက်စတာစီးတီး အသင်းဟာ အက်စ်တွန်ဗီလာ အသင်းရဲ့ ကွင်းလယ် ကစားသမားဖြစ်သူ ဂျက် ဂရင်းလစ်ရှ်ကို ခေါ်ယူဖို့ရာ အတွက် တာဝန်ရှိသူတွေနဲ့ စတင်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ယခုလက်ရှိ အပြောင်းအရွှေ့မှာ ဂရင်းလစ်ရှ်ကို အရခေါ်ယူချင်နေတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကတည်းက ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တာ […]

ဂျုဗင်တပ်မှာပဲ ဆက်ရှိနေမာဖြစ်‌ကြောင်း အတည်ပြုလိုက်တဲ့ ချီလီနီ

July 30, 2021 HM 0

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့် ခံစစ်ကစားသမားကြီးဖြစ်သူ ဂျော်ဂ‌ျီယို ချီလီနီ ဟာ ဂျုဗင်တပ်အသင်းမှာပဲ ဆက်ရှိပြီး စီးရီးအေမှာပဲ ကစားတော့မာ ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ ချီလီနီ နဲ့ ဂျုဗင်တပ် အသင်းကြား ချုပ်ဆိုထားတ‌ဲ့ စာချုပ်သက်တမ်းဟာ ဇွန်လ ၃၀ ရက်နေ့တည်းက ကုန်ဆုံးခဲ့တာ ဖြစ်ပြီးတော့ […]

အင်္ဂလန် ယူ-၂၁ အသင်းရဲ့ လက်ထောက်နည်းပြ ဖြစ်လာတဲ့ အက်ရှ်လေ ကိုးလ်

July 28, 2021 HM 0

ချယ်လ်ဆီး အသင်းရဲ့ နာမည်ကြီး ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အက်ရှ်လေ ကိုးလ် ဟာ အသက် ၂၁ နှစ်အောက် အင်္ဂလန် အသင်းရဲ့ ‌လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အသက် ၂၁ အောက် အင်္ဂလန် အသင်းရဲ့ နည်းပြသစ်အဖြစ် လီးကာစလေ […]

ဂျုဗင်တပ်ကို ပြန်လာချင်တာကြောင့် ရီးရဲလ်မက်ဒရစ် ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်ဆိုတဲ့ နည်းပြ အယ်လီဂရီ

July 28, 2021 HM 0

နည်းပြဖြစ်သူ မတ် အယ်လီဂရီ ဟာ ဂျုဗင်တပ် အသင်းကို ပြန်လာပြီး နည်းပြချင်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ နည်းပြ အလုပ်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အယ်လီဂရီ ဟာ ဂျုဗင်တပ် အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရအပြီး ၂ နှစ်အကြာမှာတော့ လေးနှစ်သက်တမ်းစာချုပ်နဲ့ အတူ […]

ဒေါ့မွန်မှာပဲ ပျော်နေပါတယ်လို့ ဆိုတဲ့ အားလင်း ဟာလန်း

July 28, 2021 HM 0

ချယ်လ်ဆီး အသင်းဟာ ဒေါ့မွန် အသင်းတိုက်စစ်မှူး ဖြစ်တဲ့ အားလင်း ဟာလန်း ကို ခေါ်ယူဖို့ရာ အတွက် အတော်လေးကို စိတ်ဆန္ဒပြင်းပြနေပြီး အမျိုးမျိုးကြိုးပမ်းနေပေမယ့်လည်း ဟာလန်း ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။ ဟာလန်းက သူ့ကို ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ဖို့ရာအတွက် သတ်မှတ်ထားတဲ့ ယူရို […]

ဝိုင်နယ်ဒန် က ငွေအတွက် လီ‌ဗာပူးကို စွန့်ပစ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲလိုက်တဲ့ ကာရေဂါ

July 25, 2021 HM 0

လီဗာပူး အသင်းရဲ့ ဂန္တဝင် ခံစစ်ကစားသမားဟောင်းကြီး တစ်ဦးဖြစ်သူ ဂျင်မီ ကာရေဂါ က မကြာသေးခင်ကမှ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ လီဗာပူး ကစားသမားဟောင်းဖြစ်သူ ဂျော်ဂျင်ဟို ဝိုင်နယ်ဒန် ရဲ့ ထုတ်ဖော်ပြောဆိုမှု နဲ့ ပတ်သက်ပြီး မမှန်ကန်ကြောင်း ပြန်လည် ဖြေရှင်းခဲ့ပြီးတော့ ဝိုင်နယ်ဒန် […]

မာရှယ်ကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တဲ့ ယူနိုက်တက်

July 25, 2021 HM 0

မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒေါ့မွန် အသင်းရဲ့ ကြယ်ပွင့် ကစားသမားဖြစ်သူ ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီး ‌နောက်မှာ အသင်းရဲ့ ကစားသမားဖြစ်သူ အန်တိုနီ မာရှယ် ကို ရောင်းချဖို့ရာ အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဖြစ်တဲ့ မာရှယ် […]

ဘာကာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို စိတ်မပျက်စေရဘူးလို့ ကတိပေးလိုက်တဲ့ ဒီပေး

July 25, 2021 HM 0

စနေနေ့က ကစားခဲ့တဲ့ ဂျီရိုနာ အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ မန်းဖစ် ဒီပေးက ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီပေးက ဘာစီလိုနာ အသင်းပရိသတ်တွေရဲ့ သူနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်ကို စိတ်မပျက်စေရဘူးလို့ ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ နယ်သာလန် […]

ရိုနယ်ဒို တစ်ယောက် ဂျုဗင်တပ်မှာပဲ ဆက်ရှိလိမ့်မယ်လို့ အတည်ပြုလိုက်တဲ့ ပါဗယ်လ် နတ်ဒ်ဗက်

July 25, 2021 HM 0

စီးရ‌ီးအေ ကလပ် ဂျုဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတစ်ဦးဖြစ်သူ ခရစ္စတီရာနို ရိုနယ်ဒို အနေနဲ့ ရာသီသစ် မစတင်ခင်မှာ အသင်းကနေ ထွက်ခွာနိုင်ချေ ရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဘောလုံး ပရိသတ်တွေအကြားမှာ ရေပန်းစားနေပေမယ့်လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ ပါဗယ်လ် နတ်ဒ်ဗက် ကတော့ […]

မိခင်ဖြစ်သူက ရေကူးကန်မခေါ်သွားလို့ဆိုပြီး ကျောင်းနားက ရေအိုင်မှာရေကူးနေခဲ့လို့ မိဘခေါ်ခံလိုက်ရတဲ့ ကလေးငယ်

July 23, 2021 HM 0

မိုးအရမ်းရွာနေတဲ့နေ့မှာ ကျောင်းသားတွေအတော်များများက ရေမစိုအောင်ဂရုစိုက်ပြီးသွားလာနေကြပေမဲ့ ၊ ကျောင်းသားတစ်ဦးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါးကျောင်းဝန်းနားက ရေအိုင်လေးမှာ ရေဆင်းကူးနေခဲ့ပါတယ် ။ Rozita Abdul Razak အမည်ရှိတဲ့ အမျိုးသမီးက ကျောင်းမှတာဝန်ရှိသူတွေ သူမကိုလှမ်းခေါ်လိုက်လို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှ သူမရဲ့သားလေးဟာ ရေအိုင်လေးမှာ တစ်ကယ့်ကို ပျော်ပျော်ပါးပါးရေကူးနေခဲ့တာပါ ။ Rozita […]