ဂျုဗင်တပ်ကို ပြန်လာချင်တာကြောင့် ရီးရဲလ်မက်ဒရစ် ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်ဆိုတဲ့ နည်းပြ အယ်လီဂရီ

နည်းပြဖြစ်သူ မတ် အယ်လီဂရီ ဟာ ဂျုဗင်တပ် အသင်းကို ပြန်လာပြီး နည်းပြချင်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဘက်ကနေ ကမ်းလှမ်းလာခဲ့တဲ့ နည်းပြ အလုပ်ကို ငြင်းပယ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အယ်လီဂရီ ဟာ ဂျုဗင်တပ် အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရအပြီး ၂ နှစ်အကြာမှာတော့ လေးနှစ်သက်တမ်းစာချုပ်နဲ့ အတူ ဂျုဗင်တပ် နည်းပြ ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အယ်လီဂရီ ကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောဆိုထားပါတယ်။ “ ကျွန်တော့်ကို ပေးခဲ့တဲ့ အခွင့်အရေးအတွက် ရီးရဲလ်မက်ဒရစ် ဥက္ကဌကို ကျွန်တော် ကျေးဇူးတင်ရပါလိမ့်မယ်။ ကျွန်တော် ဂျုဗင်တပ် ကိုပဲ ရွေးချယ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုရင် ဒီအသင်းပေါ်မှာ ထားရှိတဲ့ ကျွန်တော့်ရဲ့ အချစ်နဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။ ဒီကစားသမားတွေကို နည်းပြရမာ ဖြစ်တဲ့အတွက် ပျော်မိပါတယ်၊ ဒါပေမယ့် အနိုင်ရဖို့ကလည်း အရေးကြီးတဲ့ အရာပါပဲ။ အဲ့ဒါက အရေးကြီးဆုံး အရာပါပဲ ” “ စနေနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အတော်လေးတော်တဲ့ လူငယ် ကစားသမားအများအပြား ကျွန်တော့်မှာ ရှိနေပါတယ်။ ပထမအသင်းကြီးက ကစားသမားတွေလည်း အင်္ဂါနေ့ကစပြီး ပြန်လာနေကြပါပြီ။ အခုချိန်မ‌ှာတော့ အတိတ်ကိုပြောဖို့ အချိန်မဟုတ်တော့ပါဘူး၊ အနာဂါတ်ကိုပဲ အာရုံစိုက်ဖို့လိုပါတယ်။ ကျွန်တော့်ကို ကမ်းလှမ်းခဲ့တဲ့ အခြားအသင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် အန်ဒရီရာ အက်ဂ်ျနယ်လီ ကိုပဲ ဆက်သွယ်ခဲ့ပါတယ်။ ဒီကို ပြန်လာပြီး နည်းပြအဖြစ် လုပ်ခွင့်ပေးတဲ့ အတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အားလပ်ချိန်တွေတုန်းက ဘောလုံးပွဲတွေ အများကြီး ကြည့်ခဲ့ပြီးပါပြီ၊ အထူးသဖြင့် ဒုတိယနှစ်ရဲ့ အဆုံးနားလေးတွေကိုပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အယ်လီဂရီ ဟာ ၂၀၁၈ တုန်းကလည်း ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးပြီး၊ အခုတစ်ကြိမ်ငြင်းပယ်တာဟာဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*