ဂျုဗင်တပ်မှာပဲ ဆက်ရှိနေမာဖြစ်‌ကြောင်း အတည်ပြုလိုက်တဲ့ ချီလီနီ

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့် ခံစစ်ကစားသမားကြီးဖြစ်သူ ဂျော်ဂ‌ျီယို ချီလီနီ ဟာ ဂျုဗင်တပ်အသင်းမှာပဲ ဆက်ရှိပြီး စီးရီးအေမှာပဲ ကစားတော့မာ ဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။ ချီလီနီ နဲ့ ဂျုဗင်တပ် အသင်းကြား ချုပ်ဆိုထားတ‌ဲ့ စာချုပ်သက်တမ်းဟာ ဇွန်လ ၃၀ ရက်နေ့တည်းက ကုန်ဆုံးခဲ့တာ ဖြစ်ပြီးတော့ အခုချိန်မှာ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ အီတလီ အသင်းခေါင်းဆောင်ဖြစ်တဲ့ ချီလီနီ ဟာ နောက်အပတ်ထဲမှာပဲ အသင်းနဲ့ အတူ ရာသီကြိုလေ့ကျင့်ရေးဆင်းသွားမာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပြီး သူ့ရဲ့ အနာဂါတ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ဖြေရှင်းလိုက်ပါတယ်။ “ တနင်္လာနေ့မှာ ကျွန်တော် တူရင် ကိုပြန်ရောက်ပါမယ်။ မာစီမီလီယာနို အယ်လ်လီဂရီ က ကျွန်တော်နဲ့ တွေ့ပြီးဆွေးနွေးဖို့ အဲ့ဒီမှာ စောင့်နေမာပါ။ အားလပ်ရက်ကောင်းတွေ ရှိနေရင်တောင်မှပဲ ကျွန်တော် အဲ့ဒီကို အရောက်သွားမာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝ ကို ဆုဖလားတွေ အများကြီး ရယူရင်းနဲ့ပဲ ကုန်ဆုံးချင်ပါတယ်၊ ဘာလို့လဲဆိုရင် ဆုဖလားတွေကတာက ကျွန်တော့်ကို ပိုပြီးတော့ ဆာလောင်စေပါတယ် ” လို့ပြောဆိုသွားခဲ့ပါတယ်။ ချီလီနီ ဟာ ဂျုဗင်တပ် အသင်းကို ၂၀၀၅ ခုနှစ်တည်းက ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ အသင်းအတွက် ပွဲပေါင်း ၅၃၅ ပွဲ ပါဝင်ကစားပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ချီလီနီ ဟာ ဂျုဗင်တပ် အသင်းနဲ့ ၂ နှစ်စာချုပ် သက်တမ်းတိုးမယ်လို့ ယူဆရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*