ဂရေးလစ်ရှ်ကိုသာ ခေါ်ယူဖြစ်ခဲ့ရင် ကိန်း ကို လက်လွှတ်ရမယ့် မန်းစီးတီး

[Unicode]
ဂရေးလစ်ရှ်ကိုသာ ခေါ်ယူဖြစ်ခဲ့ရင် ကိန်း ကို လက်လွှတ်ရမယ့် မန်းစီးတီး

မန်ချက်စတာစီးတီး အသင်းအနေနဲ့ ယခုလက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အက်စ်တွန်ဗီလာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက် ဂရေးလစ်ရှ် နဲ့ တော့တင်ဟန် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း တို့နှစ်ဦးကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အမျိုးမျိုး ချဉ်းကပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ကံဆိုးစွာပဲ မန်ချက်စတာ စီးတီး အသင်းအနေနဲ့ နွေရာသီအပြောင်း‌အရွှေ့မှာ ကစားသမား နှစ်ဦးစလုံးကို တပြိုင်တည်း ခေါ်ယူနိုင်မာ မဟုတ်တော့ဘူးလို့ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာစီးတီး အသင်း အနေနဲ့ကလည်း ဂျက် ဂရေးလစ်ရှ် ကို ခေါ်ယူနိုင်ဖို့ရာ အတွက် အက်စ်တွန်ဗီလာ အသင်းတောင်းဆိုထားတဲ့ စံချိန်တင်ပြောင်းရွှေ့ ငွေကြေးပမာဏဖြစ်တဲ့ ပေါင် သန်း ၁၀၀ ကို ပေးချေသွားဖို့ ရှိနေပြီး မကြာခင်အချိန်တွင်းမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်း နည်းပြဖြစ်သူ ပပ်ဂွါဒီယိုလာ အနေနဲ့ စပါးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Manchester Evening News သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ မန်စီးတီး အနေနဲ့ ဂရေးလစ်ရှ်ကိုသာ ခေါ်ယူပြီးရင် ‌ငွေကြေးပိုင်းဆိုင်ရာကြောင့် ဟယ်ရီကိန်း ကို ခေါ်ယူနိုင်မာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

စပါး အသင်းအနေနဲ့ကလည်း ဟယ်ရီကိန်း အတွက် အနည်းဆုံး ပေါင် သန်း ၁၅၀ အလိုရှိနေတာ ဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ကိန်းကိုသာ ထပ်မံခေါ်ယူခဲ့ရင် ကစားသမားနှစ်ဦးတည်းနဲ့တင် ပေါင် သန်း ၂၅၀ အထိ သုံးစွဲသလို ဖြစ်သွားမာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဟယ်ရီကိန်း အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ချင်ပေမယ့်လည်း စပါး အသင်းမှာပဲ နောက်ထပ် တစ်ရာသီ ထပ်ကစားသွားရဖို့ ရာခိုင်နှုန်းများနေတာ ဖြစ်ပါတယ်။

[Zawgyi]
ဂရေးလစ်ရ်ှကိုသာ ခေါ်ယူဖြစ်ခဲ့ရင် ကိန်း ကို လက်လွှတ်ရမယ့် မန်းစီးတီး

မန်ချက်စတာစီးတီး အသင်းအနေနဲ့ ယခုလက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အက်စ်တွန်ဗီလာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက် ဂရေးလစ်ရှ် နဲ့ တော့တင်ဟန် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း တို့နှစ်ဦးကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အမျိုးမျိုး ချဉ်းကပ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ကံဆိုးစွာပဲ မန်ချက်စတာ စီးတီး အသင်းအနေနဲ့ နွေရာသီအပြောင်း‌အရွှေ့မှာ ကစားသမား နှစ်ဦးစလုံးကို တပြိုင်တည်း ခေါ်ယူနိုင်မာ မဟုတ်တော့ဘူးလို့ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာစီးတီး အသင်း အနေနဲ့ကလည်း ဂျက် ဂရေးလစ်ရှ် ကို ခေါ်ယူနိုင်ဖို့ရာ အတွက် အက်စ်တွန်ဗီလာ အသင်းတောင်းဆိုထားတဲ့ စံချိန်တင်ပြောင်းရွှေ့ ငွေကြေးပမာဏဖြစ်တဲ့ ပေါင် သန်း ၁၀၀ ကို ပေးချေသွားဖို့ ရှိနေပြီး မကြာခင်အချိန်တွင်းမှာ အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်း နည်းပြဖြစ်သူ ပပ်ဂွါဒီယိုလာ အနေနဲ့ စပါးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဟယ်ရီကိန်းကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Manchester Evening News သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ မန်စီးတီး အနေနဲ့ ဂရေးလစ်ရ်ှကိုသာ ခေါ်ယူပြီးရင် ‌ငွေကြေးပိုင်းဆိုင်ရာကြောင့် ဟယ်ရီကိန်း ကို ခေါ်ယူနိုင်မာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

စပါး အသင်းအနေနဲ့ကလည်း ဟယ်ရီကိန်း အတွက် အနည်းဆုံး ပေါင် သန်း ၁၅၀ အလိုရှိနေတာ ဖြစ်တာကြောင့် မန်စီးတီးအသင်းအနေနဲ့ ကိန်းကိုသာ ထပ်မံခေါ်ယူခဲ့ရင် ကစားသမားနှစ်ဦးတည်းနဲ့တင် ပေါင် သန်း ၂၅၀ အထိ သုံးစွဲသလို ဖြစ်သွားမာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဟယ်ရီကိန်း အနေနဲ့ မန်စီးတီးကို ပြောင်းရွှေ့ချင်ပေမယ့်လည်း စပါး အသင်းမှာပဲ နောက်ထပ် တစ်ရာသီ ထပ်ကစားသွားရဖို့ ရာခိုင်နှုန်းများနေတာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*