ဂျုဗင်တပ် အသင်းနဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်တဲ့ ဂျော်ဂျီအို ချီလီနီ

[Unicode]
ဂျုဗင်တပ် အသင်းနဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်တဲ့ ဂျော်ဂျီအို ချီလီနီ

ဂျုဗင်တပ် အသင်းရဲ့ ဝါရင့် ခံစစ် ကစားသမားဖြစ်သူ ဂျော်ဂျီအို ချီလီနီ ဟာ ဂျုဗင်တပ် အသင်းနဲ့ အတူ ၂၀၂၃ နွေရာသီအထိ သက်တမ်းရှိတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့် သူ့ရဲ့ ကစားသမားဘဝ ၁၆ ရာသီမြောက်နဲ့ ၁၇ ရာသီမြောက်တို့ကိုလည်း ဂျုဗင်တပ်မှာပဲ ကုန်ဆုံးသွားရတော့မာ ဖြစ်ပါတယ်။

ဂျော်ဂျီအို ချီလီနီ ဟာ မကြာခင် အချိန်အတွင်းမှာပဲ ၃၇ နှစ်ပြည့်တော့မာ ဖြစ်ပြီး သူ့ရဲ့ ယခင်စာချုပ်ဟောင်း သက်တမ်းက ဇူလိုင်လကတည်းက ကုန်ဆုံးသွားပြီဖြစ်တာကြောင့် အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချီလီနီ အနေနဲ့ ယူရို ၂၀၂၀ မှာ အီတလီ အသင်းနဲ့ အတူ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂျုဗင်တပ် အသင်းအနေနဲ့ ချီလီနီ ကို အသက် ၃၉ နှစ်ရောက်မှ ကုန်ဆုံးမယ့် စာချုပ်သစ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ခံစစ်ကစားသမားဖြစ်သူ ချီလီနီ ဟာ လူငယ် ကစားသမားဘဝ ကို လီဗော်နို အသင်းမှာ ကစားခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်အရောက်မှာ ဂျုဗင်တပ် အသင်းကို အပြီးသတ်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ချီလီနီ ဟာ ဂျုဗင်တပ် အသင်းနဲ့ အတူ စီးရီးအေ ဖလား ကိုးကြိမ်၊ ကိုပါ အီတလီယာ ဖလား ငါးကြိမ် ရရ‌ှိထားပြီး ၂၀၁၇ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တို့မှာလည်း ပါဝင်ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။

ဂျော်ဂျီအို ချီလီနီ ဟာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကစားဖို့ စိတ်အားထက်သန်နေပြီး ဂျုဗင်တပ် အသင်းမှာ ဆက်ရှိနေခြင်းက သူ့ရဲ့ ဆန္ဒပြည့်မြောက်ဖို့ အတွက် အကူအညီဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*