ပြောင်းရွှေ့ကြေး အများအပြားနဲ့ ကမ်းလှမ်းရင် အင်တာ က လူကာကူးကို ရောင်းချလိမ့်မယ်လို့ မျှော်လင့်နေတဲ့ ချယ်လ်ဆီး

[Unicode]

ချယ်လ်ဆီး အသင်းဟာ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ် ကစားသမားဖြစ်သူ ရိုမဲလု လူကာကူး ကို အသင်းထံ ပြန်ခေါ်နိုင်ဖို့ အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းအနေနဲ့ ယခုလက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာတင်ပဲ လူကာကူးကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး ကြီးကြီးမားမား နဲ့ ကမ်းလှမ်းမယ်ဆိုရင် အင်တာမီလန် အသင်းအနေနဲ့ လူကာကူးကို ရောင်းထုတ်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းအနေနဲ့ လူကာကူးကို ကမ်းလှမ်းရာမှာ ပြောင်းရွှေ့ကြေးအပြင် မားကို့စ် အလွန်ဆို ကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ အင်တာမီလန် အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲကို အခွင့်အရေးအဖြစ် အသုံးချနိုင်မယ်လို့ ယုံကြည်နေပြီး ပြောင်းရွှေ့‌ကြေး အများအပြားနဲ့ ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားဖြစ်သူ လူကာကူး က ပြီးခဲ့တဲ့ အပတ်ကမှ သူ့အနေနဲ့ ရာသီသစ်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့တာ‌ကြောင့် အသင်းကနေ ထွက်ခွာမာမဟုတ်ဘူးလို့ ယူဆရပါတယ်။ အင်တာမီလန် အသင်းရဲ့ ဥက္ကဌဖြစ်သူ ကလည်း လူကာကူး ကို လုံးဝ ရောင်းချသွားမာ မဟုတ်ဘူးလို့ ခပ်ပြတ်ပြတ် ပြောဆိုထားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ချယ်လ်ဆီး အသင်းအနေနဲ့ အိုလီဗာ ဂျရူး က အသင်းကနေထွက်ခွာသွားပြီဖြစ်တာကြောင့် ရာသီသစ် မစတင်ခင် တိုက်စစ် ကစားသမားတစ်ဦးလိုအပ်နေတာ ဖြစ်ပါတယ်။ လူကာကူး ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ ၂၄ ဂိုးသွင်းနိုင်ခဲ့ပြီး ၁၁ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဂျုဗင်တပ်ကြယ်ပွင့် ရော်နယ်ဒို တစ်ဦးသာလျှင် လူကာကူးထက် စီးရီးအေ သွင်းဂိုး ပိုမိုသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*