ယူရို သန်း ၇၀ ပေးမှသာ မာတီနက်ဇ် ကိုရောင်းချဖို့ စဉ်းစားမယ်လို့ ပြောဆိုလိုက်တဲ့ အင်တာမီလန်

[Unicode]
ယူရို သန်း ၇၀ ပေးမှသာ မာတီနက်ဇ် ကိုရောင်းချဖို့ စဉ်းစားမယ်လို့ ပြောဆိုလိုက်တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ ရဲ့ အသင်းကြီတစ်သင်းဖြစ်တဲ့ အင်တာမီလန် အသင်းအနေနဲ့ အသင်းရဲ့ အဓိကတိုက်စစ် ကစားသမားဖြစ်သူ လော့တားရိုး မာတီနက်ဇ် အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၇၀ သတ်မှတ်လိုက်ပြီးတော့ အဆိုပါ ပမာဏထက်လျော့နည်းရင် ကစားသမားကို ရောင်းချဖို့ လုံးဝ စဉ်းစားမာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sport Italia ရဲ့ ဖော်ပြချက်မှာလည်း အင်တာမီလန် အသင်းအနေနဲ့ သူတို့ သတ်မှတ်ထားတဲ့ ပမာဏထက်လျော့နည်းရင် အာဂျင်တီးနားလက်ရွေးစင်ကို လက်လွှတ်သွားဖို့ စဉ်းစားမာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း မာတီနက်ဇ် ရဲ့ ကစားသမားဘဝ အနာဂါတ်က လက်ရှိစာချုပ်အခြေအနေကြောင့် သံသယဝင်စရာကောင်းနေပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ် ရဲ့ လက်ရှိ အင်တာမီလန် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ဂျွန်လမှာ ကုန်ဆုံးမာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့အတွက် တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသေးတာကြောင့် ဥရောပ အသင်းကြီးတွေဖြစ်ကြတဲ့ အာဆင်နယ်၊ အက်သလက်တီကို မက်ဒရစ်၊ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာ တို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ကစားသမားအနေနဲ့ကလည်း စာချုပ်သစ်အတွက် သဘောမတူရသေးသလို၊ အသင်းအနေနဲ့ကလည်း မာတီနက်ဇ်ကို ယခုအပြောင်းအရွှေ့တင်မကပဲ နောက်လာမယ့် နွေအပြောင်း‌အရွှေ့မှာပါ ရောင်းချဖို့ ဆန္ဒမရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာ အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့ရာ အတွက် လမ်းကြောင်းတစ်ခုဖွင့်ပေးထားပြီး၊ အဲ့ဒါကတော့ သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏရရင် ကစားသမားကို ရောင်းချပေးမာ ဖြစ်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*