ရီးရဲလ်မက်ဒရစ် နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပြီဖြစ်တဲ့ ဘန်ဇီးမား

[Unicode]
ရီးရဲလ်မက်ဒရစ် နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပြီဖြစ်တဲ့ ဘန်ဇီးမား

စပိန်လာလီဂါ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဝါရင့်တိုက်စစ် ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ကရင်းမ် ဘန်ဇီးမား ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပဲ စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘန်ဇီးမား အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ် သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်သွားမာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဘန်ဇီးမား အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ ၂၀၂၃ အထိ ရှိနေတော့မာလည်း ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီဟာ ဘန်ဇီးမား အတွက် ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ၁၃ ရာသီမြောက်လည်း ဖြစ်ပါတယ်။ ဘန်ဇီးမား ဟာ ရီးရဲလ်မက်ဒရစ်မှာ ခရစ္စတီရာနို ရော်နယ်ဒို ကို ပံ့ပိုးတဲ့ နေရာကနေ အချိန်အကြာကြီး ကစားပြီးတဲ့နောက် ပြီးခဲ့တဲ့ သုံးရာသီအတွင်း သူမျှော်မှန်းထားသလိုတွေ ဖြစ်လာခဲ့ပြီး အိမ်မက်တွေ လက်တွေ့ဆန်လာခဲ့တာ ဖြစ်ပါတယ်။

ABC သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ် အသင်းတာဝန်ရှိသူတွေ က ဘန်ဇီးမား အနေနဲ့ သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံတဲ့အတွက် ပျော်ရွှင်နေကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ဘန်ဇီးမားကို ၂၀၂၄ မှ ကုန်‌ဆုံးမယ့် စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘန်ဇီးမား က ထိုအရွယ်ကျရင် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ မ‌သေချာတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပါရှိပါတယ်။

အဲ့ဒီအစား ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘန်ဇီးမား အနေနဲ့ ၂၀၂၃ ရောက်မှ ကုန်ဆုံးမယ့် စာချုပ်ကို ချုပ်ဆိုဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကျရင်တော့ ဘန်ဇီးမားအနေနဲ့ အသက် ၃၅ နှစ်ကျော်ရှိမာ ဖြစ်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*