ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့ စိတ်အားထက်သန်နေတဲ့ ရော်နယ်ဒို

[Unicode]
ရီးရဲလ်မက်ဒရစ်ကို ပြန်သွားဖို့ စိတ်အားထက်သန်နေတဲ့ ရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ခရစ္စတီရာနို ရော်နယ်ဒို ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာပဲ တူရင် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတာ ဖြစ်ပြီး၊ အဲ့ဒီလို ထွက်ခွာဖြစ်ခဲ့ရင် အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြန်သွားချင်နေတာဖြစ်ကြောင်း သိရပါတယ်။

ရော်နယ်ဒို ဟာ ကမ္ဘာ့ထိပ်တန်းကစားသမားပီပီ ဂျုဗင်တပ်အသင်းမှာ ခြေစွမ်းကောင်းတွေပြသထားနိုင်ပေမယ့်လည်း လက်ရှိမှာတော့ အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ထွက်ခွာဖို့ကို စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျုဗင်တပ် အသင်းကတော့ အဆိုပါ ဆန္ဒကို သဘောမခွေ့ပဲ မကြာခင်အချိန်အတွင်းမှာ စာချုပ်သစ်တစ်ခုနဲ့ ထပ်မံချည်နှောင်သွားဖို့ ရှိနေပါတယ်။

AS သတင်းဌာနရဲ့ အဆိုအရတော့ ရော်နယ်ဒို အနေနဲ့ ပြောင်းရွှေ့ဖို့ နှလုံးသွင်းပြီးဖြစ်တာကြောင့် ဂျုဗင်တပ် အသင်းရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အချည်းနှီးသာ ဖြစ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ရောနယ်ဒို အနေနဲ့ အပူတပြင်းထွက်ခွာချင်နေပြီးတော့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြန်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။

ရော်နယ်ဒို ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းပေါ်ထားရှိတဲ့ အချစ်တွေဟာ သိသာထင်ရှားတယ်လို့ ဆိုရပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ အခုလို ပြန်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေရတဲ့ အကြောင်းကတော့ နည်းပြ ကာလို အန်ဆယ်လော့တီ ကြောင့်ပဲ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ အီတလီလူမျိုး နည်းပြ အန်ဆယ်လော့တီ ရဲ့ အကြီးစား ပရိသတ်ဖြစ်ပြီးတော့ သူနဲ့ အတူ နောက်တစ်ကြိမ် အလုပ်ပြန်တွဲလုပ်ချင်နေတာ ဖြစ်ပါတယ်။

‌ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အသင်းကတော့ ပီအက်စ်ဂျီ ကစားသမား ကီလီယန် အမ်ဘာပေး က လွဲပြီး ဘယ်ကစားသမားကိုမှ ခေါ်ဖို့ စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။ အကယ်၍သာ ပီအက်စ်ဂျီ အသင်းအနေနဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေး ကို ရောင်းချဖို့ခေါင်းမာနေခဲ့မယ်ဆိုရင်တောင် တစ်ခြားကစားသမားတွေကို ခေါ်ယူသွားမာ မဟုတ်ဘူးလို့ သိရပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*