ဒီနွေရာသီမှာပဲ မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေတဲ့ လာပေါ်တေး

[Unicode]
ဒီနွေရာသီမှာပဲ မန်စီးတီးအသင်းကနေ ထွက်ခွာချင်နေတဲ့ လာပေါ်တေး

မန်ချက်စတာစီးတီး အသင်းရဲ့ ဗဟိုခံစစ် ကစားသမားဖြစ်သူ အမ်းမရစ် လာပေါ်တေး ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာချင်နေပြီး လာလီဂါကို ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ လာလီဂါ အသင်းကြီးနှစ်သင်းဖြစ်ကြတဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း လာပေါ်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လာပေါ်တေးဟာ ယူရို ၂၀၂၀ မတိုင်ခင်မှာပဲ ပြင်သစ် အသင်းကနေ စပိန်အသင်းကို ပြောင်းလဲသစ္စာ ခံခဲ့ပါသေးတယ်။ မန်ချက်စတာစီးတီး အသင်းမ‌ှာ ရူဘင် ဒီးယပ်စ် နဲ့ ဂျွန်စတုန်းစ် တို့နှစ်ဦးကသာ ပိုမိုပွဲထွက်ခွင့်ရရှိနေပြီး လာပေါ်တေးဟာ ပုံမှန် ပွဲထွက်ခွင့်မရရှိတာကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွာချင်ကြောင်း သူ့ရဲ့ ရှေ့နေ‌တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

90 min သတင်းဌာနမှာတော့ လာပေါ်တေးဟာ စပိန်ကိုသာ သွားရောက်ကစားချင်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။ စပိန်ကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ခံစစ်ကစားသမား တစ်ဦး အလိုရှိနေတာဖြစ်ပြီး ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသိပေးဖို့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို နှစ်သင်းစလုံးက တောင်းဆိုထားကြပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ ယခုအပြောင်းအရွှေ့မှာ အတွေ့အကြုံရင့် ခံစစ် ကစားသမားနှစ်ဦးဖြစ်ကြတဲ့ ဆာဂျီယို ရာမို့စ် နဲ့ ရာဖေးလ် ဗာရန်း တို့နှစ်ဦးကို လက်လွှတ်ထားရတာကြောင့် ခံစစ်ကစားသမား အသစ်တစ်ဦး အလိုရှိနေတာဖြစ်သလို ဘာစီလိုနာ အသင်းအနေနဲ့လည်း အပြောင်းအရွှေ့မကုန်ဆုံးခင် ကလဲမန့် လိမ့်လန့် နဲ့ စန်မြူရယ် ယူတီတီ တို့နှစ်ဦးထွက်ခွာဖို့ ရှိနေတာကြောင့် ခံစစ်ကစားသမား တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*