အမေစုနဲ့ စစ်ခေါင်းဆောင် ယနေ့တွေ့ဆုံတယ် ဆိုတာနဲ့ပတ်သတ်ပြီး ပန်ဆယ်လိုပြော



အသအေခြာဖတျကွညျ့ရငျထူးခွားတာတဈခုတှေ့ရပါလိမျ့မယျ။ဒီသတင်းကိုမီဒီယာဆီပြောကြားကစစ်တပ်အရာရှိတစ်ယောက်ပါ။

သတင်းSourceကစစ်တပ်အရာရှိတစ်ဦးကပြောကြားတယ်လို့ ရေးသားထားပါတယ်။

စဉ်းစားကြည့်ရအောင်။ဒေါ်အောင်ဆန်းစုကြည်ဟာစစ်တပ်က ဖမ်းဆီးခံထားရသူပါ။ဖမ်းဆီးခံထားရသူဆီဖမ်းတဲ့သူကသွားတွေ့တယ်။တွေ့ချင်ပါတယ်

ခွင့်တောင်းမှာမဟုတ်သလိုမတွေ့ချင်ဘူးငြင်းလည်း ဝင်တွေ့ရင်တွေ့မှာပဲ။တွေ့တဲ့အခါဒေါ်အောင်ဆန်းစုကြည်ကဘယ်လို တုံ့ပြန်လဲဆိုတာဘယ်သူမှမသိနိုင်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်မှာချုပ်နှောင်ထားမှန်းတောင်မသေချာတဲ့အနေအထားမှာဒီသတင်းဟုတ်မဟုတ်ဒေါ်အောင်ဆန်းစုကြည်ဘက်က

အတည်ပြုပေးလို့ရတဲ့အခြေအနေမရှိဘူး။ တစ်ဖက်သတ်သူတို့ပြောစကားပဲရှိတယ်။

သွားတွေ့ပြီးသူတို့ကိုယ်တိုင်ကသတင်းမီဒီယာကိုတွေ့ဆုံကြောင်းပြောတယ်။ဒါဟာရန်/ငါပြတ်နေပြီဖြစ်တဲ့၊စစ်တပ်ကိုခါးခါးသီးသီးဖြစ်နေပြီ

ဖြစ်တဲ့၊ညှိနှိုင်းရေးကိုလေသံတောင်မကြားချင်တော့တဲ့ပြည်သူကိုနင်တို့အမေတောင်ညှိချင်နေပြီ၊တွေ့လားလို့စိတ်ဓါတ်ပျက်ပြားအောင်ထည့်တဲ့Psywarပါ။

ဒေါ်အောင်ဆန်းစုကြည်ကသာမင်းအောင်လှိုင်စစ်တပ်ရဲ့အယုတ်တမာညှိနှိုင်းမှုကိုလက်ခံခဲ့မယ်ဆိုရင်အခုအာဏာသိမ်းတဲ့

ဖြစ်စဉ်တောင်ဖြစ်လာစရာမရှိဘူးဆိုတာမမေ့ကြပါနဲ့။

အာဏာသိမ်းမယ်လို့လက်နက်ကိုင်ခြိမ်းခြောက်တဲ့စစ်တပ်ရဲ့အပေါ်စီးဆန်တဲ့အခြေအနေမှာတောင်ဒေါ်အောင်ဆန်းစုကြည်ကမလိုက်လျောခဲ့တာ၊

အခုလိုအုပ်ချုပ်နိုင်စွမ်းကင်းမဲ့နေတဲ့စစ်တပ်ရဲ့အောက်တန်းနောက်တန်းကျတဲ့အခြေအနေမှာလိုက်လျောဖို့ဆိုတာဖြစ်နိုင်စရာမရှိဘူး။

ဒါဟာကိုယ့်ဖဲကိုယ်ချိုး ကလဖန်ထိုးပြီးဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူတွေကြားလျှိုလိုက်တဲ့သပ်ထက်မပိုဘူး။

တော်လှန်ရေးကိုအယုံအကြည်ကင်းမဲ့အောင်ထပ်ယုတ်မာလိုက်တာပဲ။သူတို့ဖြစ်စေချင်တာအဖြစ်ခံကြတော့မှာလား။သူတို့ကသွေးကွဲစေချင်တာ၊ကွဲကြတော့မှာလား။သူတို့ကအားလျော့စေချင်တာ၊အားလျော့ကြတော့မှာလား။အကြံဆိုးမှန်သမျှ မယုံကြည်ဘူးဆိုတာနဲ့အာခံကြမယ်။အယုတ်တမာတွေကျဆုံးရမယ်။ပန်ဆယ်လို
Credit Original upload

Be the first to comment

Leave a Reply

Your email address will not be published.


*