မာတင် အိုဒီဂတ် ကို ပေါင် သန်း ၄၀ နဲ့ ရောင်းချတော့မာ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

[Unicode]
မာတင် အိုဒီဂတ် ကို ပေါင် သန်း ၄၀ နဲ့ ရောင်းချတော့မာ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် အသင်းဟာ နော်ဝေးလက်ရွေးစင် အသင်း ကစားသမားဖြစ်သူ မာတင် အိုဒီဂတ် ကို လက်ရှိအပြောင်းအရွှေ့ကာလမှာပဲ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီးတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၄၀ အလိုရှိတယ်လို့ ကြေညာလိုက်ပါတယ်။

မာတင် အိုဒီဂတ် ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အသက် ၁၆ နှစ်သားအရွယ်တည်းက စတင် ရောက်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အသင်းကြီးအတွက် ပွဲစဉ် ၁၁ ပွဲသာ ပွဲထွက်ကစားပေးခဲ့ရပြီး တစ်ချိန်လုံး အငှားချခံထားရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အိုဒီဂတ် ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းကနေ နောက်ဆုံးအငှားချခံရတဲ့ အသင်းကတော့ အာဆင်နယ် အသင်းဖြစ်ပြီး ဇန်နဝါရီလက စတင်ပြီး ခြောက်လ အငှားနဲ့ ကစားခဲ့တာ ဖြစ်ကာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ အိုဒီဂတ် ကိုခေါ်ယူဖို့ နွေရာသီအပြောင်းအရွှေ့ကာလ တစ်လျှောက်လုံး ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

အိုဒီဂတ်ဟာ မကြာသေးမီကမှ အာဆင်နယ် အသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီဖြစ်တာကြောင့် ဇူလိုင်လမှာ ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပြန်ရောက်နေပြီဖြစ်ပြီး ရီးရဲလ် နဲ့ စာချုပ်သက်တမ်းကလည်း ၂ နှစ်ကျန်ရှိသေးတာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း နည်းပြ ကာလို အန်ဆလော့တီ ရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ မသေချာသေးတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ အိုဒီဂတ် ကို နေရာပေးဖို့ မရှိသေးတာကြောင့် အခုချိန်မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပြီးတော့ အငှားနဲ့ ခေါ်ယူဖူးတဲ့ အာဆင်နယ် အသင်းကပဲ ခေါ်ယူဖို့ရာအတွက် စိတ်ဝင်စားလျက်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ မကြာသေးမီက ဝီးလော့ ကို နယူးကာဆယ် အသင်းဆီရောင်းချထားတာကြောင့် ရီးရဲလ်မက်ဒရစ် တောင်းဆိုတဲ့ ပမာဏအတိုင်းပေးချေနိုင်ဖို့တော့ ရှိပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*