ဘရန့်ဖို့ဒ် ကို ရှုံးနိမ့်ပြီးနောက် လုံလုံလောက်လောက် မကောင်းခဲ့ပါဘူးလို့ ဝန်ခံလိုက်တဲ့ အာတီတာ

[Unicode]

အာဆင်နယ် အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရာသီစ ပွဲစဉ်မှာ ဘရန့်ဖို့ဒ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ကစားခဲ့ပြီး ၂ ဂိုး- ဂိုးမရှိနဲ့ မရှုမလှ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာတော့ အာဆင်နယ် အသင်းနည်းပြ ဖြစ်သူ အာတီတာ အတွက်တော့ အသင်းရဲ့ အဆုံးသတ်ပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့ ဖြစ်လာရပါတယ်။

အာဆင်နယ် အသင်းအနေနဲ့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ အူဘာမီယန် နဲ့ လာကာဇက်တီ တို့ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ဘရန့်ဖို့ဒ် အသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုအပိုင်း ၂၂ ကြိမ်တိုင်တိုင် ပြုလုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း ဂိုးပေါက် တည့်မတ်မှု အပိုင်းမှာတော့ ၄ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

နည်းပြ မီခေးလ် အာတီတာ ကတော့ ပွဲအပြီးမှာ အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ “ ကျွန်တော်တို့ ရာသီကို စချင်တဲ့ ပုံစံနဲ့ လုံးဝ ကွဲပြားပါတယ်။ ပထမပိုင်းမှာ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ အလွတ်အနေအထားမျိုးကြီးနဲ့ပဲ တစ်ဂိုးခွင့်ပြုလိုက်ရတယ်၊ ဒုတိယဂိုး ဖြစ်တဲ့ အဝေးလက်မြှောက်ဘောမှာလည်း လူသေသေချာချာ မကပ်နိုင်ခဲ့ဘူး ”

“ ဒုတိယဂိုးကို အဝေးလက်မြှောက်ဘောကနေ ခွင့်ပြုပေးလိုက်ရပြီးတဲ့နောက် အကြီးမားဆုံး စိုးရိမ်တာကတော့ ဂိုးရှေ့မှာ ရရှိတဲ့ ခြိမ်းခြောက်မှုတွေပါပဲ၊ အခြေအနေကောင်းတွေကို ကျွန်တော်တို့ အကြိမ်များစွာ ရောက်ခဲ့ပေမယ့်လည်း လုံလုံလောက်လောက် မခြိမ်းခြောက်နိုင်ခဲ့ဘူး၊ ဂိုးပေါက်တည့်တာ သိပ်မရှိခဲ့ဘူး။ ခင်ဗျားအနေနဲ့ အဲ့ဒီလိုအရာတွေ ပရီးမီးယားလိဂ်မှာ မလုပ်နိုင်ဘူးဆိုရင် အနိုင်ရဖို့ ခက်လိမ့်မယ် ”

“ သူတို့ကို အနိုင်ယူဖို့ ကျွန်တော်တို့ လုံလောက်အောင် မကောင်းခဲ့ပါဘူး။ ခင်ဗျားအနေနဲ့ နိုင်ချင်ရင်တော့ အခြေခံတွေကိုမှန်မှန်ကန်ကန် လုပ်ဖို့ လိုပါတယ်၊ ကျွန်တော်တို့ကတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဂိုးဧရိယာထဲမှာ‌၊ ကျွန်‌‌တော်တို့ တတ်နိုင်သလောက် ခြိမ်းခြောက်မှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီလိုအခြေအနေမျိုး ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ ပိုပြီး ကြိုးစားဖို့လိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*