လူကာကူး ရ‌ဲ့ ဝှက်ထားတဲ့ အရည်အချင်းတစ်ခုကို ပြောပြလိုက်တဲ့ အက်ရှ်လေ ကိုးလ်

[Unicode]
လူကာကူး ရ‌ဲ့ ဝှက်ထားတဲ့ အရည်အချင်းတစ်ခုကို ပြောပြလိုက်တဲ့ အက်ရှ်လေ ကိုးလ်

ရိုမဲလု လူကာကူး ဟာ ချယ်လ်ဆီး အသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၉၇ သန်း နဲ့ ရောက်ရှိလာပြီးတဲ့နောက် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အက်ရှ်လေ ကိုးလ် က လူကာကူးအနေနဲ့ ချယ်လ်ဆီးကို နောက်လယ်ဗယ် တစ်ခုဆီ ဘယ်လိုပုံစံနဲ့ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်။

အက်ရှ်လေ ကိုးလ် က “ ကျွန်တော်တို့ အခုမြင်နေရတာက ပိုရင့်ကျက်တဲ့ လူကာကူး ရဲ့ ပုံစံနဲ့ ကျွန်တော်တို့ သိပြီးသားဖြစ်တဲ့ သူ့ရဲ့ အရည်အချင်းတွေပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ ခင်ဗျား အနေနဲ့ အဝေးတစ်နေရာကို ထွက်သွားပြီး ပြန်လာတဲ့အခါ အကောင်းဆုံးပုံစံကို ရောက်ဖို့ အခက်အခဲတွေကို ကျော်ဖြတ်ရတယ်။ ကျွန်တော်တို့ အဲ့ဒါကို ချယ်လ်ဆီးမှာ မြင်ရလိမ့်မယ်လို့ ထင်တယ် ”

“ လူကာကူးက လိုအပ်နေတဲ့ အရည်အချင်းအကြီးစားဖြစ်တဲ့ ခေါင်းဆောင်မှု ကို ယူလာနိုင်တယ်။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေတာကြောင့် သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရာသီအပြီးမှာ အသင်းကို ရောက်လာဖို့ လိုပါတယ်။ သူ ရောက်ရှိဖူးတဲ့ အသင်းတစ်ချို့မှာ သူနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရတာလေးတွေရှိတယ်၊ ဒါပေမယ့် သူ အင်တာမှာ ရှိစဉ်ကတော့ ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပြည့်ရှိပြီး‌ အသင်းကို ဦးဆောင်နိုင်ပြီးတော့ ဆုဖလားတွေ ရယူနိုင်တဲ့ ကစားသမားမျိုးကို မြင်နေရတာပါ ”

“ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တင် မကပါဘူး၊ ပွဲနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက တိုးတက်လာတာပါ၊ အဲ့ဒါက ချယ်လ်ဆီးမှာ မရှိတဲ့ အရည်မျိုးပါ။ ၁၀ နှစ်တာ ကာလအတွင်း သူ့ရဲ့ ရင့်ကျက်လာမှုက အတော်လေးကို ကြီးမားပါတယ်။ သူက ကစားသမားကောင်းတစ်ဦးတင်မကပါဘူး၊ သူက ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူက ဘယ်လ်ဂျီယံ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့၊ သူတို့ရဲ့ သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်တယ်။ အခုချိန်မှာ သူ ဟာ အကောင်းဆုံးလယ်ဗယ်တစ်ခုကို ရောက်နေပြီးတော့၊ သူဟာ အသင်းအတွက် ကောင်းတဲ့ခေါ်ယူမှု တစ်ရပ်ပါပဲ ” လို့ ဆိုပါတယ်။

[Zawgyi]
လူကာကူး ရ‌ဲ့ ဝှက်ထားတဲ့ အရည်အချင်းတစ်ခုကို ပြောပြလိုက်တဲ့ အက်ရ်ှလေ ကိုးလ်

ရိုမဲလု လူကာကူး ဟာ ချယ်လ်ဆီး အသင်းကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၉၇ သန်း နဲ့ ရောက်ရှိလာပြီးတဲ့နောက် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အက်ရ်ှလေ ကိုးလ် က လူကာကူးအနေနဲ့ ချယ်လ်ဆီးကို နောက်လယ်ဗယ် တစ်ခုဆီ ဘယ်လိုပုံစံနဲ့ ခေါ်ဆောင်သွားနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်။

အက်ရ်ှလေ ကိုးလ် က “ ကျွန်တော်တို့ အခုမြင်နေရတာက ပိုရင့်ကျက်တဲ့ လူကာကူး ရဲ့ ပုံစံနဲ့ ကျွန်တော်တို့ သိပြီးသားဖြစ်တဲ့ သူ့ရဲ့ အရည်အချင်းတွေပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံ ခင်ဗျား အနေနဲ့ အဝေးတစ်နေရာကို ထွက်သွားပြီး ပြန်လာတဲ့အခါ အကောင်းဆုံးပုံစံကို ရောက်ဖို့ အခက်အခဲတွေကို ကျော်ဖြတ်ရတယ်။ ကျွန်တော်တို့ အဲ့ဒါကို ချယ်လ်ဆီးမှာ မြင်ရလိမ့်မယ်လို့ ထင်တယ် ”

“ လူကာကူးက လိုအပ်နေတဲ့ အရည်အချင်းအကြီးစားဖြစ်တဲ့ ခေါင်းဆောင်မှု ကို ယူလာနိုင်တယ်။ အသင်းမှာ လူငယ်ကစားသမားတွေ အများကြီးရှိနေတာကြောင့် သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရာသီအပြီးမှာ အသင်းကို ရောက်လာဖို့ လိုပါတယ်။ သူ ရောက်ရှိဖူးတဲ့ အသင်းတစ်ချို့မှာ သူနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရတာလေးတွေရှိတယ်၊ ဒါပေမယ့် သူ အင်တာမှာ ရှိစဉ်ကတော့ ခင်ဗျားအနေနဲ့ ယုံကြည်ချက်အပြည့်ရှိပြီး‌ အသင်းကို ဦးဆောင်နိုင်ပြီးတော့ ဆုဖလားတွေ ရယူနိုင်တဲ့ ကစားသမားမျိုးကို မြင်နေရတာပါ ”

“ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တင် မကပါဘူး၊ ပွဲနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက တိုးတက်လာတာပါ၊ အဲ့ဒါက ချယ်လ်ဆီးမှာ မရှိတဲ့ အရည်မျိုးပါ။ ၁၀ နှစ်တာ ကာလအတွင်း သူ့ရဲ့ ရင့်ကျက်လာမှုက အတော်လေးကို ကြီးမားပါတယ်။ သူက ကစားသမားကောင်းတစ်ဦးတင်မကပါဘူး၊ သူက ခေါင်းဆောင်ကောင်း တစ်ဦးပါ။ သူက ဘယ်လ်ဂျီယံ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးတော့၊ သူတို့ရဲ့ သွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်တယ်။ အခုချိန်မှာ သူ ဟာ အကောင်းဆုံးလယ်ဗယ်တစ်ခုကို ရောက်နေပြီးတော့၊ သူဟာ အသင်းအတွက် ကောင်းတဲ့ခေါ်ယူမှု တစ်ရပ်ပါပဲ ” လို့ ဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*