ဒီရာသီမှာ မန်ယူက ဆုဖလားတိုင်းကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးရှိနေတယ်လို့ ဆိုလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဒီရာသီမှာ မန်ယူက ဆုဖလားတိုင်းကို သိမ်းပိုက်နိုင်မယ့် အခွင့်အရေးရှိနေတယ်လို့ ဆိုလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ရာသီက ဆုဖလားတစ်လုံးမှ မရရှိခဲ့ခြင်းဟာ ကံမကောင်းတာကြောင့်လို့ ဆိုပြီး ဒီရာသီမှာတော့ ဆုဖလားမြောက်များစွာကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ၂၀၁၇ ခုနှစ် ယူရိုပါလိဂ် ဖလားရယူပြီးနောက်ပိုင်း ဖလားလက်မဲ့ဖြစ်နေခဲ့တာ လေးနှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ယခုရာသီမှာ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူအင်အားဖြည့်ထားပြီးတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ်ဖလား နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို စိန်ခေါ်သွားဖို့ ပြင်းပြနေတာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်း‌အနေနဲ့ ဒီရာသီမှာ အောင်မြင်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းကို အခုလိုပဲ ပြောဆိုထားပါတယ်။ “ ကျွန်တော်တို့ ဘာဖလားကို လိုချင်နေပါစေ၊ အနိုင်ရဖို့ ကြိုးစားနေပါစေ အခွင့်အရေးကတော့ အမြဲတမ်းရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဘာဖလားမှ မရခဲ့ပါဘူး ”

“ ကျွန်တော်တို့ ယူရိုပါလိဂ်ဖိုင်နယ် အထိရောက်ခဲ့ပါသေးတယ်၊ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ ဖလားမရခဲ့ပါဘူး။ ကစားသမားအပြောင်းအရွှေ့ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ မန်ချက်စတာယူနိုက်တက်က အခြားအသင်းတွေ အတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက်အသင်းဖြစ်နေမာ သေချာပါတယ် ”

“ ကျွန်တော် အမြဲပြောခဲ့သလိုပါပဲ၊ ကျွန်တော် ဒီအဆင့်အတန်းနဲ့ ဒီအသင်းမှာ ရှိနေရတဲ့ အကြောင်းက အနိုင်ရချင်လို့ပါပဲ။ ကျွန်တော်တို့ ဝင်ပြိုင်တဲ့ ဖလားတိုင်းကို အနိုင်ရနိုင်တယ်ဆိုတဲ့ အခွင့်အရေး ကျွန်တော်တို့မှာ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကုန်ကုန်ပြောရရင်၊ ခင်ဗျားအနေနဲ့ ဆုဖလားကို ရလည်းရနိုင်တယ်၊ မရလည်း မရနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အရေးရှိသေးတယ်လေ။ ဆုဖလားတစ်ခုခုကို ရဖို့အတွက်တော့ ကျွန်တော်တို့ သေချာပေါက် အကောင်းဆုံး ကြိုးစားသွားမာပါ ” လို့ ပြောဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*