လီဝန် ဟာ နောက် နှစ်ရာသီအထိ ဘိုင်ယန်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဥက္ကဌ ဟေးနာ

လီဝန် ဟာ နောက် နှစ်ရာသီအထိ ဘိုင်ယန်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဥက္ကဌ ဟေးနာ

ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိကတိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ ရောဘတ် လီဝန်ဒေါ့စကီး ကို ရီးရဲလ်မက်ဒရစ် နဲ့ ချယ်လ်ဆီး စတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့်လည်း ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ဟားဘတ် ဟေးနာ က လီဝန် အနေနဲ့ အသင်းမှာ နောက် နှစ်ရာသီအထိ ဆက်ရှိနေအုန်းမာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ရာသီတည်းမှာတင် ဘွန်ဒက်လီဂါ သွင်းဂိုး ၄၁ ဂိုး သွင်းယူပြီး ဂတ်မူလာ ရဲ့ တင်ရှိနေတာကြာပြီဖြစ်တဲ့ စံချိန်ကောင်း တစ်ခုကို ချိုးဖျက်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ အပတ်ကပဲ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံး ဂျာမနီ ဘောလုံးကစားသမားဆု ကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဝန်ဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ သွင်းဂိုး ၄၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါ ပမာဏဟာ ဥရောပဘောလုံးပြိုင်ပွဲတွေထဲမှာ အများဆုံးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လီဝန်‌ဒေါ့စကီးကို ယခုလက်ရှိ အပြောင်းအရွှေ့မှာ အသင်းကြီးတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး နဲ့ မန်စီးတီး စတဲ့ အသင်းတွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဥက္ကဌဖြစ်သူ ဟေးနာ ကတော့ အခုလိုပဲ ပြတ်ပြတ်သားသားပြောဆိုထားတာ ဖြစ်ပါတယ်။

“ ပထမဆုံး၊ ကျွန်တော့်အမြင်ကိုပြောရရင်၊ လီဝန်က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးပါ။ သူ အသင်းမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ အတော်လေးပျော်ပါတယ်။ သူ့ရဲ့ စာချုပ်က နောက်ထပ် ၂ နှစ်ကျန်သေးတယ်လေ။ အဲ့ဒီ ၂ နှစ်မှာလည်း သူ ဘိုင်ယန်မြူးနစ်မှာပဲ သေချာပေါက် ကစားပါလိမ့်မယ်။ သူ ကျွန်တော်တို့နဲ့ အတူ အဲ့ဒီထက် ပိုကြာပြီး နေမယ်လို့တောင် ထင်ပါတယ်။ သူ့ရဲ့ စာချုပ်ကို သူ လေးစားပါလိမ့်မယ်။ နောက် နှစ်ရာသီကိုလည်း သူ သေချာပေါက် ဒီဘိုင်ယန်မြူးနစ်မှာပဲ ကစားပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*