မာဆီရယ် က ဝေဖန်နေတဲ့သူတွေကို ဒီရာသီမှာ အသံတိတ်သွားအောင် လုပ်ပြလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဆိုးလ်ရှား

[Unicode]

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်းနား ဆိုးလ်ရှား က အန်တိုနီ မာဆီရယ် အနေနဲ့ ဝေဖန်နေတဲ့သူတွေကို မှားကြောင်း သက်သေပြပြီးတော့ ဒီရာသီမှာ အရင်ရာသီက ရုန်းကန်ခဲ့ရတဲ့ ပုံစံနဲ့ မတူတဲ့ ပုံစံကောင်းတစ်ခုကို ပြသနိုင်လိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူ မာဆီရယ် ဟာ ပြီးခဲ့တဲ့ရာသီက ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပြိုင်ပွဲစုံ သွင်းဂိုး ၇ ဂိုးသာ ရှာဖွေပေးနိုင်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့ကာလမှာလည်း မန်ယူ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ မာဆီရယ် နဲ့ ပတ်သက်ပြီး “ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကျွန်တော်တို့က မာဆီရယ် ကို တကယ်တန်ဖိုးထားပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ စိတ်ပျက်စရာကောင်းခဲ့တယ်၊ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့သလို၊ သူ လည်း ပုံစံကောင်းပျောက်ဆုံးခဲ့တယ်၊ အဲ့ဒီရာသီမတိုင်ခင်ကတော့ သူက အသင်းရဲ့ ထိပ်သီး ကစားသမားပါ ”

“ ကျွန်တော် ယုံကြည်ချက်‌တွေ အရမ်းကို ပြင်းပြနေပြီးတော့၊ သူ့ကို လေ့ကျင့်ရေးကွင်းမှာ မြင်ရတဲ့ ပုံစံမျိုးကို သဘောကျမိတယ်၊ ပြီးတော့ ကျွန်တော် သူ့ကို ဂျင်မှာ တွေ့ရတုန်းကလည်း သူ့ မျက်နာ အပေါ်မှာ အပြုံး‌တစ်ချို့ ရှိနေတာကို မြင်ခဲ့ရတယ်။ မာဆီရယ် အနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် သွင်းဂိုးတွေ အများကြီး ပိုသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*