လိဒ်စ်ကို ဂိုးပြတ်နိုင်ပြီးနောက် ဘရူနို နဲ့ ပေါ့ဘာ အတွဲဖက်ကို ချီးကျုးစကားဆိုလိုက်တဲ့ ဆိုးလ်ရှား

[Unicode]

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် လိဒ်စ် ယူနိုက်တက် အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်ခံရင်ဆိုင်ကစားခဲ့ပြီး ၅ ဂိုး- ၁ ဂိုး ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အတူ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှားက ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ ပေါလ် ပေ့ါဘာ တို့နှစ်ဦးကို အထူးချီးကျုးလိုက်ပါတယ်။

ဖာနန်ဒက်စ် ဟာ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ဟတ်ထရစ် သွင်းဂိုး ကို ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဟတ်ထရစ်သွင်းဂိုးကို အဖွင့်ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ ၁၀ ယောက်မြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သလို ပေါလ် ပေါ့ဘာ ကလည်း ပရီးမီးယားလိဂ်တစ်ပွဲတည်းမှာတင် လေးကြိမ်ဂိုးဖန်တီးနိုင်တဲ့ ၇ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

နည်းပြ ဖြစ်သူ ဆိုးလ်ရှားကတော့ “ ဘရူနိုက စွန့်စားရဲတဲ့သူ ဖြစ်ပြီးတော့ မန်ယူနိုက်တက် ကစားသမားပါ။ ခင်ဗျား အနေနဲ့ မန်ယူနိုက်တက်မှာ ရှေ့တန်း ကစားမယ်ဆိုရင် ခင်ဗ‌ျားအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်၊ အနည်းငယ် စိတ်ကြီးဝင်ဖို့ နဲ့ စွန့်စားရဲဖို့ လိုတယ် ” လို့ ဘရူနို နဲ့ ပတ်သက်ပြီး ချီးကျုးခဲ့ပါတယ်။ ဆက်လက်ပြီး ပေါ့ဘာ နဲ့ ပတ်သက်ကာ “ ပေါ့ဘာ ကလေးဘဝတည်းက သူနဲ့ ကျွန်တော့်အကြားမှာ ကောင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့တယ် ”

“ ဒီနေ့က သူ့ကို ကွင်းထဲသွားပြီး မင်းစိတ်တိုင်းကျ ကစားစမ်းဆိုပြီး ပြောခဲ့တယ်၊ ဘာလို့လဲဆိုရင် အဲဗာတန် နဲ့ ခြေစမ်းပွဲမှာ သူ ၄၅ မိနစ်ကစားတုန်းက သူ အကောင်းဆုံး ပုံစံမဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ဒီနေ့မှာတော့ သူ့ကို ကွင်းရဲ့ စိတ်ကြိုက်နေရာကို သွားပြီး ဘောလုံးကို လွတ်လွတ်လပ်လပ် ကစားဆိုပြီး ခွင့်ပြုပေးခဲ့တယ်။ အကောင်းဆုံး ကစားသမားတွေတိုင်းကတော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ရချင်ကြတယ်၊ ပေါလ် ကလည်း အဲ့ဒီလိုလူတွေထဲက တစ်ဦးပါ။ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး အထင်ကြီးမိတယ်၊ အဲ့ဒါက ကောင်းတဲ့ အချက်ပဲဗျ ” လို့ ပြောခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*