ဆာလက်တစ်ယောက် ဘယ်ချိန်အထိဆက်ကစားမလဲဆိုတာ ပြောပြလိုက်တဲ့ နည်းပြ ကလော့ပ်

[Unicode]
ဆာလက်တစ်ယောက် ဘယ်ချိန်အထိဆက်ကစားမလဲဆိုတာ ပြောပြလိုက်တဲ့ နည်းပြ ကလော့ပ်

လီဗ‌ာပူးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ မိုဟာမက် ဆာလက်ဟာ လက်ရ‌ှိရာသီကုန်ဆုံးတဲ့အချိန်ကျရင် အသက် ၃၀ ပြည့်မာဖြစ်ပြီး သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းမှာလည်း ၂ နှစ်အောက်သာ ကျန်ရှိမာဖြစ်ပါတယ်။ နည်းပြဖြစ်သူ ဂျာဂျန် ကလော့ပ်ကတော့ ဆာလက်အနေနဲ့ အသက် ၃၀ ရှိနေရင်တောင် အကောင်းဆုံးပုံစံမှာပဲ ဆက်ကစားနေနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လိဒ်စ်ယူနိုက်တက် အသင်းဘက်ကို ဒီရာသီသူ့ရဲ့ တတိယမြောက်သွင်းဂိုး သွင်းနိုင်ခဲ့တာကြောင့် ဆာလက်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးမှာ ပရီးမီးယားလိဂ်သွင်းဂိုး ဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒီနေ့ညမှာတော့ နာမည်ကြီးစီးရီး‌‌အေကလပ် အေစီမီလန်အသင်းကို အန်ဖီးလ်ဒ်ကွင်းထဲမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်ခံကစားသွားဖို့ရှိနေပါတယ်။

“ ဆာလက် အနေနဲ့ ဘယ်အရွယ်ထိကစားမလဲဆိုတာ ကျွန်တော်တစ်ခါမှ မပြောခဲ့ဖူးဘူး၊ အသက် ၃၀ အရွယ်မှာ ကောင်းကောင်းကစားနိုင်ဖို့အတွက် လိုတဲ့ အရာတွေအားလုံး သူ့မှာရှိတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာက လီယွန်နယ် မက်ဆီနဲ့ တူတယ်၊ အရပ်လည်းတူတယ်၊ ကိုယ်အလေးချိန်လည်းတူတယ်၊ ဒီတော့ ဒီလိုကစားသမားတွေအနေနဲ့က ဒဏ်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး ကံကောင်းဖို့ပဲ လိုအပ်တယ် ”

“ သူတို့မှာ ဒဏ်ရာပြဿနာတော့မရှိပါဘူး၊ ဒါပေမယ့် သူတို့က နောက်ထပ်နာကျင်တာတွေမရှိပဲနဲ့ အဲ့ဒီလိုအခြေအနေတွေကနေ အမြဲပြန်လာနိုင်ကြတယ်။ အဲ့ဒါက အတော်အရေးပါတယ်။ ခင်ဗျားအနေနဲ့ဆို အတော်လေးကံကောင်းဖို့လိုတယ်၊ ဒါပေမယ့် မို မှာကျ သူလိုတာတွေအကုန်ရှိတယ်၊ ဘောလုံးကို သူမြင်တဲ့ပုံနဲ့ပတ်သက်ပြီး ကျွန်တော်သေချာပြော‌နိုင်တယ်၊ သူဟာ ပွဲရဲ့ အစိတ်အပိုင်းအဖြစ် သူတတ်နိုင်သမျှအရွယ်ထိ ကစားသွားမယ်ဆိုတာပဲ ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*