ပီအက်စ်ဂျီဟာ ဈေးကွက်ဖျက်နေတဲ့အသင်းဖြစ်ကြောင်း စွပ်စွဲလိုက်တဲ့ လာလီဂါဥက္ကဌ တီဘတ်စ်

[Unicode]
ပီအက်စ်ဂျီဟာ ဈေးကွက်ဖျက်နေတဲ့အသင်းဖြစ်ကြောင်း စွပ်စွဲလိုက်တဲ့ လာလီဂါဥက္ကဌ တီဘတ်စ်

စပိန်လာလီဂါရဲ့ ဥက္ကဌဖြစ်သူ ဟာဗီးယား တီဘတ်စ် က ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကီလီယန် အမ်ဘာပေ နဲ့ အားလင်း ဟာလန်းတို့နှစ်ဦးကို နောက်နှစ်နွေရာသီဈေးကွက်မှာ တပြိုင်တည်းခေါ်ယူဖို့ရာအတွက် ငွေကြေးအလုံအလောက်ရှိကြောင်း နဲ့ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက်ဖျက်နေတဲ့ အသင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်တုန်းက ယူရို ၃၁ သန်းသာအသုံးပြုခဲ့ပြီး ကွင်းလယ်ကစားသမား အက်ဒ်ဝါဒို ကာမာဗင်ဂါ နဲ့ ခံစစ်ကစားသမား ဒေးဗစ် အယ်လ်ဘာ အစရှိတဲ့ ကစားသမားခေါ်ယူမှု နှစ်ခုသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါက ချမှတ်ထားတဲ့ ကန့်သတ်ချက်နဲ့လည်း ကိုက်ညီနေတာဖြစ်ပါတယ်။

ရီးရဲလ်ဟာ နောက်နှစ်နွေရာသီမှာ အဆိုပါလူငယ်ကြယ်ပွင့်ကစားသမားနှစ်ဦးစလုံးကို တပြိုင်တည်း ခေါ်ယူနိုင်မယ့်အကြောင်း အခုလိုပဲပြောဆိုပါတယ်။ “ နောက်နှစ်နွေရာသီမှာ ကီလီယန် အမ်ဘာပေ နဲ့ အားလင်း ဟာလန်းတို့နှစ်ယောက်လုံးကို ခေါ်ယူနိုင်ဖို့ ရီးရဲလ်မှာ ငွေအလုံအလောက်ရှိနေပါတယ်။ သူတို့မှာ ငွေဆုံးရှုံးထားတာမရှိပါဘူး။ အဲ့ဒါအပြင်မှပဲ သူတို့ဟာရှယ်ယာတွေလည်းထုတ်ရောင်းထားပါသေးတယ် ”

ဆက်လက်ပြီး တီဘတ်စ်က ပီအက်စ်ဂျီအသင်းနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။ “ ယူရိုသန်း ၄၀၀ လောက်ဆုံးရှုံးထားတဲ့အသင်းက လစာနဲ့တင် ယူရိုသန်း ၅၀၀ အထိသုံးထားပြီး၊ အမ်ဘာပေကို ကမ်းလှမ်းလာတာတောင် ငြင်းပယ်နိုင်သေးတယ်ဆိုတာက လုံးဝနားမလည်နိုင်စရာပဲ။ ပြင်သစ်မှာရှိတဲ့ စည်းမျည်းတွေက ပျက်စီးနေပါပြီ၊ သူတို့က ဥရောပဈေးကွက်ကိုဖျက်စီးနေတယ် ”

“ UEFA ရဲ့ နည်းစနစ်တွေကလည်း မှားယွင်းနေပြီ။ ကျွန်တော်တို့က ဖြစ်သင့်တဲ့နည်းလမ်းတွေကနေ နောက်ကိုပြန်သွားမိနေပြီ။ ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာတာကောင်းပါတယ်၊ ဒါပေမယ့် အကန့်သတ်မရှိ ကူညီပံ့ပိုးတာတွေကတော့ မကောင်းပါဘူး။ အခြားအခန်းကဏ္ဍမှာဆိုရင် ဒါကို ခွင့်မပြုသင့်ပါဘူး ” လို့ တီဘတ်စ်က ပီအက်စ်ဂျီရဲ့ ငွေသုံးစွဲပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*