ဘာစီလိုနာဟာ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရကြောင်း ဘိုင်ယန်ကိုရှုံးပြီးနောက် ဝန်ခံလိုက်တဲ့ ရော်နယ်ကိုးမန်း

[Unicode]

စပိန်လာလီဂါရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ ‌မနေ့ညက ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဂျာမန်ဘွန်ဒက်လီဂါက နာမည်ကြီးကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီးတော့ ၃ ဂိုး- ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက သူ့ရဲ့အသင်းဟာ ယှဉ်ပြိုင်ကစားနိုင်စွမ်းမရှိဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ အဓိကကစားသမားတွေဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီနဲ့ အန်တိုနီ ဂရစ်ဇ်မန်းတို့ကို ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ လက်လွှတ်ထားခဲ့ရသလို၊ မာတင် ဘရိတ်ဝိတ် နဲ့ တိုက်စစ်မှူးအသစ် ဆာဂျီယို အဂူရို တို့နှစ်ဦးစလုံးကလည်း ဒဏ်ရာအသီးသီးရရှိထားတာကြောင့်၊ ပြီးခဲ့တဲ့နွေဈေးကွက်မှာပဲ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမားဖြစ်သူ လုခ်ဒီဂျုန်း ကို တိုက်စစ်နေရာမှာ ထည့်သွင်းပွဲထုတ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းရဲ့ အဆိုပါပွဲက စွမ်းဆောင်ရည်ဟာ အတော်လေးညံ့ဖျင်းခဲ့ပြီးတော့ မိနစ် ၉၀ လုံးလုံး ဂိုးပေါက်တည့်မတ်မှု တစ်ကြိမ်မျှ မရှိခဲ့တာဖြစ်ပါတယ်။

“ ဒီနေ့ကျွန်တော်တို့မှာ တိုက်စစ်သုံးယောက်ပဲရှိပါတယ်၊ အဲ့ဒီထက်ပိုမရှိပါဘူး။ နည်းစနစ်ပိုင်းအရပြောရရင် ကျွန်တော်တို့ပွဲကို ထိန်းနိုင်ခဲ့တဲ့အခိုက်အတန့်တွေအများအပြားရှိခဲ့ပါတယ်။ ကျွန်တော်တို့ လီဝန်ဒေါ့စကီးကို လူကပ်ကစားဖို့လည်းလုပ်ခဲ့တယ်၊ ကျွန်တော်တို့ ပိုပြီးတော့ ယှဉ်ပြိုင်နိုင်အောင်လုပ်ခဲ့တယ်၊ ဒါပေမယ့် အခုလိုပဲဖြစ်သွားတယ်။ အသင်းအနေနဲ့ကော၊ အရံခုံမှာပါ အရည်အချင်းကွာခြားမှုကရှိနေတယ် ”

“ အဲ့ဒါက လက်ခံဖို့ အရမ်းခက်ခဲပါတယ်။ ဘိုင်ယန်ကလည်း ဆုဖလားရဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းပဲလေ။ ကျွန်‌တော်တို့ ရှေ့တန်းမှာ အားနည်းခဲ့တယ်၊ လူငယ်ကစားသမားလေးတွေ အားတက်အောင် ကျွန်တော်တို့ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ရဲ့ လူငယ်ကစားသမားတွေနဲ့ သူတို့ရဲ့ ကစားသမားတွေကြားမှာ ကွာခြားမှုတွေ ရှိနေတယ်။ သူတို့မှာ အလားအလာကောင်းရှိတယ်ဆိုတာ ပြသပြီးပါပြီ၊ ဒါပေမယ့် ဒီနေ့မှာတော့ ခြားနားမှုရှိနေတယ် ” လို့ ‌ကိုးမန်းက ပြောဆိုလာပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*