ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးကြွေးက ဒီနှစ်မှာ ခွန်အားဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတဲ့ ဂွါဒီယိုလာ

[Unicode]

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်ရှုံးကြွေးက ဒီနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ခွန်အားဖြစ်စေပြီး တွန်းအားပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ နာကျင်ရကြောင်းနဲ့ အဲ့ဒီရှုံးနိမ့်မှုက အသင်းကို အကူညီဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ပြီးတဲ့နောက် မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ချယ်လ်ဆီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

“ ကစားသမားတွေမှာလည်း စိတ်ခံစားချက်တော့ ရှိကြပါတယ်၊ မှန်းထားတဲ့အရာတစ်ခုမအောင်မြင်ဘူးဆို နာကျင်ရတယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်။ အခုတော့ ဒါက သူတို့အတွက် အသစ်ပဲ၊ ကြိုးစားရမယ့် စိန်ခေါ်မှုအသစ်ပဲ။ ဒီကစားသမားတွေက ပြီးခဲ့တဲ့ လေးနှစ်အတွင်း ပရီးမီးယားလိဂ်ဖလား သုံးလုံးယူပြထားတဲ့ သူတွေပါ၊ ပြီးတော့ နှစ်တိုင်းလည်း ဒီနှစ်တော့ ငါတို့ ပိုလုပ်ပြနိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့ကြတာပါပဲ ”

“ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တယ်၊ အဲ့ဒီတော့ ဒီနှစ်အတွက် အကူအညီဖြစ်စေနိုင်လိမ့်မယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို လိုချင်တဲ့ အသင်းတွေကလည်း အများကြီးရှိသေးတာပဲလေ။ အဲ့ဒါက ခင်ဗျားအဲ့ဒီအခိုက်အတန့်ကို ဘယ်လိုရောက်မလဲဆိုတာ‌အပေါ်မူတည်တယ်၊ ဒဏ်ရာတွေနဲ့လား၊ စိတ်ဓါတ်အပြည့်အဝနဲ့လား၊ အသင်းအတွက် ကံကြမ္မာကကော၊ စသဖြင့် အခြားအကြောင်းတွေအများကြီးရှိသေးတယ် ”

“ အားကစားဆိုတာ အမြဲတမ်းစိန်ခေါ်မှုအသစ်ပါပဲ၊ အတိတ်က အတိတ်မှာကျန်ခဲ့ပါပြီ၊ အဲ့ဒါက အတွေ့အကြုံပါပဲ။ အဲ့ဒါက ဒီရာသီတော့ ကျွန်တော်တို့ ကောင်းကောင်းလုပ်ပြနိုင်မယ်လို့ မဆိုလိုဘူး။ အဲ့ဒါက ပြိုင်ပွဲအသစ်ရဲ့ အစဖြစ်တယ်၊ ပါဝင်ခွင့်ရတဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ကံကောင်းတယ်။ ပွဲအများကြီးထဲကမှ ပထမဆုံးပွဲကို နိုင်အောင် ကျွန်တော်တို့ကြိုးစားမယ်။ အုပ်စုတိုင်းက ခက်ခဲကြတာပါပဲ၊ ဒါက ခြွင်းချက်မရှိသလို၊ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး ကြိုးစားသွားပါမယ် ” လို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*