အနိုင်ဂိုးရှင် လူကာကူးကို ချီးကျုးလိုက်တဲ့ နည်းပြ တူချယ်

[Unicode]
အနိုင်ဂိုးရှင် လူကာကူးကို ချီးကျုးလိုက်တဲ့ နည်းပြ တူချယ်

ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်ကစားသမားဖြစ်သူ ရိုမဲလု လူကာကူး ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဇင်းနစ်နဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးတဲ့နောက် နည်းပြဖြစ်သူ သောမတ်စ်တူချယ်က ချီးကျုးစကားပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကို ဒီရာသီချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာလည်း အနိုင်ရအောင် ဘယ်လ်ဂျီယံအသင်းလက်ရွေးစင် ရိုမဲလု လူကာကူးက ပွဲကစားချိန် ၆၉ မိနစ်အရောက်မှာ ဇင်းနစ်အသင်းဘက်ကို ခေါင်းတိုက်သွင်းဂိုးသွင်းယူပေးကာ ရမှတ် ၃ မှတ် ရှာဖွေပေးခဲ့ပါတယ်။

“ အဲ့ဒါက လူကာကူးရဲ့ အတော်လေးကောင်းတဲ့ ခေါင်းတိုက်သွင်းဂိုးပါပဲ၊ စီဆာ အက်ဇ်ပီလီကွီတာ ရဲ့ ဖြတ်တင်ဘောကို အချိန်ကိုက်‌လေး သွင်းပြသွားခဲ့တယ်။ ဂိုးဧရိယာထဲမှာ ခံစစ်သမားတွေ အများအပြားရှိနေတာတောင် သူက ခေါင်းခုန်တိုက်ဖို့အတွက် အတော်လေးရဲရင့်ခဲ့တယ်။ အဲ့ဒါကြောင့်မို့ပဲ သူက ဒီမှာ ရှိနေတာပါ။ သူက ဂိုးသွင်းရတာကြိုက်ပြီး၊ ကျွန်တော်တို့အတွက် အဆုံးအဖြတ်ပေးနိုင်တယ် ” လို့ ချီးကျုးခဲ့ပါတယ်။

လူကာကူးကတော့ သူ့ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။ “ ကျွန်တော်နဲ့ စီဆာတို့နှစ်ယောက် ကွင်းထဲမှာ လှုပ်ရှားပုံအချို့ကို တိုင်ပင်ခဲ့ကြတယ်။ ကျွန်တော်က အချိန်ကိုက်လေးလှုပ်ရှားဖို့လိုခဲ့တယ်၊ ဒါပေမယ့် သူ့ဆီကနေ ထွက်လာတဲ့ ဘောလုံးကလည်း အတော်လေးလှပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*