ဝင်းဂါးက ကျွန်တော့်အတွက် အောင်မြင်ဖို့ အခြေခံအုတ်မြစ်တွေချန်ပေးခဲ့တာပါလို့ဆိုတဲ့ အာတီတာ

September 26, 2021 HM 0

[Unicode]ဝင်းဂါးက ကျွန်တော့်အတွက် အောင်မြင်ဖို့ အခြေခံအုတ်မြစ်တွေချန်ပေးခဲ့တာပါလို့ဆိုတဲ့ အာတီတာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခေးလ် အာတီတာက နည်းပြကြီးအာဆင်ဝင်းဂါးဟာ သူ အာဆင်နယ်အသင်းမှာ အောင်မြင်ဖို့ရာအတွက် အခြေခံအုတ်မြစ်တွေချန်ပေးခဲ့ကြောင်းနဲ့ သူ့အနေနဲ့ အမ်းမရိတ်ကွင်းကြီးထဲမှာ မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုကို တည်ဆောက်နိုင်သေးကြောင်း ‌ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့တဲ့ အာဆင်ဝင်းဂါးတစ်ယောက် ၂၀၁၈ […]

မန်စီးတီးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ လူကာကူးကို ကာကွယ်ပြောဆိုပေးလိုက်တဲ့ တူချယ်

September 26, 2021 HM 0

[Unicode]မန်စီးတီးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ လူကာကူးကို ကာကွယ်ပြောဆိုပေးလိုက်တဲ့ တူချယ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူချယ်က မန်ချက်စတာစီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ရိုမဲလု လူကာကူးရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပွဲအပြီးမ‌ှာ ကာကွယ်ပြောဆို‌လိုက်ပါတယ်။ လူကာကူးအနေနဲ့ ဒီရာသီမှာ ၇ ပွဲပါဝင်ကစားပြီး […]

ရာသီကုန်ရင် အာဆင်နယ်ဟာ စပါးအထက်မှာ ရောက်နေလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန်

September 26, 2021 HM 0

[Unicode]ရာသီကုန်ရင် အာဆင်နယ်ဟာ စပါးအထက်မှာ ရောက်နေလိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ ပေါလ်မာဆန် တနင်္ဂနွေနေ့ညမှာ ကစားမယ့် မြောက်လန်ဒန် ဒါဘီပွဲကောင်းတစ်ပွဲမတိုင်ခင်မှာ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ပေါလ်မာဆန်က ဒီရာသီကုန်‌ဆုံးတဲ့အချိန်ကျရင် အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ခါးသီးပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းရဲ့ အထက်မှာ ရပ်တည်နေနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်သုံးပွဲစလုံးကို အရေးနိမ့်ခဲ့ပြီး မျက်နှာပန်းမလှခဲ့ပေမယ့်၊ […]

ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်မှုမှာ ရိုနယ်ဒိုက ပြစ်တင်စရာဖြစ်တယ်လို့ဆိုတဲ့ တင်ရှားဝုဒ်

September 26, 2021 HM 0

[Unicode]ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီလွဲချော်မှုမှာ ရိုနယ်ဒိုက ပြစ်တင်စရာဖြစ်တယ်လို့ဆိုတဲ့ တင်ရှားဝုဒ် ဘလက်ဘန်းအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်သူ တင်ရှားဝုဒ်က မန်ချက်စတာယူနိုက်တက်ကို ခရစ္စတီရာနို ရိုနယ်ဒို ရောက်ရ‌ှိလာတာဟာ ဘရူနို ဖာနန်ဒက်စ်အပေါ်မှာ ဖိအားများစေပြီး၊ ဒီနေ့ ပင်နယ်တီလွဲချော်မှုမှာ အဓိကအကြောင်းအရင်းဖြစ်စေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်စ်တွန်ဗီလာအသင်းကို ကော့နေး ဟောက်စ်ရဲ့ နောက်ကျသွင်းဂိုးခွင့်ပြုပေးခဲ့ရပြီး […]

ပင်နယ်တီမကန်မီ ဗီလာကစားသမားတွေဖိအားဝိုင်းပေးကြတာနဲ့ ပတ်သက်ပြီး စောဒကတက်လိုက်တဲ့ ဆိုးလ်ရှား

September 26, 2021 HM 0

[Unicode]ပင်နယ်တီမကန်မီ ဗီလာကစားသမားတွေဖိအားဝိုင်းပေးကြတာနဲ့ ပတ်သက်ပြီး စောဒကတက်လိုက်တဲ့ ဆိုးလ်ရှား မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နာကျင်အချိန်ပိုမှာ ရမှတ်တစ်မှတ်ရနိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့်၊ ပင်နယ်တီကန်သွင်းတဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကိုကစားသမားဘဝ ဒုတိယအကြိမ်မြောက်ပင်နယ်တီလွဲချော်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားတာကြောင့် မန်ယူအသင်း အရေးနိမ့်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလီဂန်းနား […]

ချယ်လ်ဆီးကိုမရောက်ခင် မန်ယူဆီပြောင်းဖို့ ဆန္ဒရှိခဲ့ဖူးတယ်ဆိုတဲ့ တီမိုဝါနာ

September 26, 2021 HM 0

[Unicode]ချယ်လ်ဆီးကိုမရောက်ခင် မန်ယူဆီပြောင်းဖို့ ဆန္ဒရှိခဲ့ဖူးတယ်ဆိုတဲ့ တီမိုဝါနာ ဂျာမန်လက်ရွေးစင်တိုက်စစ်ကစားသမားဖြစ်သူ တီမို ဝါနာဟာ မနှစ်က ချယ်လ်ဆီးအသင်းကို မပြောင်းရွှေ့မီမှာ၊ သူ နှစ်သက်အားပေးတဲ့ ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ဆန္ဒရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ တီမိုဝါနာဟာ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ် ခေါ်ယူခဲ့တဲ့ […]

ဟာလန်းသာ ထွက်ခွာသွားရင် မာစီရယ်နဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့ ဒေါ့မွန်

September 24, 2021 HM 0

[Unicode]ဟာလန်းသာ ထွက်ခွာသွားရင် မာစီရယ်နဲ့ အစားထိုးဖို့ စဉ်းစားနေတဲ့ ဒေါ့မွန် ဂျာမန်ဘွန်ဒက်လီဂါအသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ အားလင်း ဟာလန်း အနေနဲ့ ၂၀၂၂ မှာ အသင်းကနေ ထွက်ခွာသွားနိုင်ချေရှိနေတာကြောင့် တိုက်စစ်ပိုင်း အစားထိုးဖို့အတွက် ကစားသမားရှာဖွေလျက်ရှိနေပြီး မန်ချက်စတာယူနိုက်တက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အန်တိုနီလ် မာစီရယ်ကို ခေါ်ဖို့ […]

စပါးနဲ့ ပွဲမှာ ဆုံးဖြတ်ချက်တလွဲတွေမချဖို့ အာတီတာကို သတိပေးလိုက်တဲ့ ဝင်းတားဘန်း

September 24, 2021 HM 0

[Unicode]စပါးနဲ့ ပွဲမှာ ဆုံးဖြတ်ချက်တလွဲတွေမချဖို့ အာတီတာကို သတိပေးလိုက်တဲ့ ဝင်းတားဘန်း အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်သူ နိုင်ဂျယ်လ် ဝင်းတားဘန်းက နည်းပြ မီခေးလ် အာတီတာကို စပါးအသင်းနဲ့ ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ သောက်တလွဲဆုံးဖြတ်ချက်တွေမလုပ်ဖို့နဲ့ ဂိုးသမားနေရာအတွက် ဘန်းဒ် လီနိုထက် အေရွန် ရန်စ်ဒေးလ်ကိုသာ သုံးသင့်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက […]

ကလော့ပ်နဲ့ ဂျိန်းစ်မီလာတို့နှစ်ဦး ထိုးလုနီးပါးဖြစ်ခဲ့တဲ့ အခြေအနေကို ပြောပြလာတဲ့ ကလာဗန်

September 24, 2021 HM 0

[Unicode]ကလော့ပ်နဲ့ ဂျိန်းစ်မီလာတို့နှစ်ဦး ထိုးလုနီးပါးဖြစ်ခဲ့တဲ့ အခြေအနေကို ပြောပြလာတဲ့ ကလာဗန် ဂျာမနီလူမျိုးနည်းပြဖြစ်သူ ယာဂန် ကလော့ပ်ဟာ သူ့ရဲ့ အသင်းအပေါ်စီမံခန့်ခွဲပုံကောင်းမွန်မှုတွေနဲ့ ကစားသမားတွေအကြား ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မှုတို့ကြောင့် လူသိများတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်၊ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဆန်းဒါးလန်းနဲ့ ၂-၂ သရေရလဒ်ထွက်ပေါ်တဲ့ပွဲအပြီး၊ ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးနောက်ကို […]

အမ်ဘာပေအနေနဲ့ အချစ်ခံချင်ရင် အပြုအမူတွေဆင်ခြင်ဖို့လိုမယ်လို့ သတိပေးလိုက်တဲ့ မက်ဇ်နည်းပြ

September 23, 2021 HM 0

[Unicode]အမ်ဘာပေအနေနဲ့ အချစ်ခံချင်ရင် အပြုအမူတွေဆင်ခြင်ဖို့လိုမယ်လို့ သတိပေးလိုက်တဲ့ မက်ဇ်နည်းပြ မက်ဇ်အသင်းရဲ့ နည်းပြဖြစ်သူ ဖရက်‌ဒရစ် အန်တိုနက်တီက ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေ အနေနဲ့ အချစ်ခံချင်တယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ပိုပြီးနှိမ့်ချတတ်ဖို့ လိုအပ်မယ်လို့ သတိပေးစကားပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဗုဒ္ဓဟူးနေ့ညက မက်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး လီဂူဝမ်းရာနှုန်းပြည့်နိုင်ပွဲစံချိန်ကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ […]