နယူးကာဆယ်နည်းပြရာထူးအပေါ် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖြေရှင်းလာတဲ့ ရွန်းနီ

[Unicode]
နယူးကာဆယ်နည်းပြရာထူးအပေါ် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖြေရှင်းလာတဲ့ ရွန်းနီ

နယူးကာဆယ်အသင်းရဲ့ နည်းပြရာထူးကို ရယူဖို့အတွက် စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်သူ ဝိန်းရွန်းနီက ပြန်လည်တုံ့ပြန် ဖြေရှင်းလိုက်ပါတယ်။ ယခုလအစောပိုင်းက နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျပြည်သူပိုင်ရင်းနှီးမြှုပ်နှံရေးအဖွဲ့အစည်းက ဝယ်ယူလိုက်ပြီးနောက်ပိုင်း သမိုင်းသစ်ရေးထိုးဖို့ရာအတွက် အသင်းကို ဦးဆောင်နိုင်မယ့် နည်းပြသစ်တစ်ဦး ရှာဖွေနေတာဖြစ်ပါတယ်။

လက်ရှိမှာ နည်းပြဖြစ်သူ စတိဗ် ဘရု့စ်ကလည်း နယူးကာဆယ်အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်တာကြောင့် မကြာခင်အချိန်အတွင်းမှာ နည်းပြသစ်တစ်ဦး မြင်ရဖို့ ရှိနေပါတယ်။ ယခုတစ်ပတ်ထဲမှာပဲ သတင်းဌာနတော်တော်များများက ဒါဘီကောင်တီရဲ့ နည်းပြဖြစ်သူ ဝိန်းရွန်းနီဟာ နယူးကာဆယ်နည်းပြရာထူးကို စိတ်ဝင်စားနေပြီး၊ သူနဲ့ အတူ လက်ရှိ ဒါဘီနည်းပြအဖွဲ့ဝင်ဖြစ်သူ နယူးကာဆယ် ဂန္တဝင် ရှေးဂစ်ဗန်းကိုပါ ခေါ်ဆောင်သွားချင်နေတယ်လို့ ဖော်ပြကြပါတယ်။

ဒါပမယ့်လည်း ဝိန်းရွန်းနီကတော့ လက်ရှိ ဒါဘီနည်းပြရာထူးအပေါ်ကိုသာ စိတ်နှစ်ထားကြောင်းနဲ့၊ နယူးကာဆယ်နည်းပြသတင်းတွေဟာ ကောလဟာလသက်သက်သာဖြစ်ကြောင်း အခုလိုပဲ ပြန်လည်‌ဖြေရှင်းလာပါတယ်။

“ အဲ့ဒီသတင်းကို ကျွန်တော် အင်္ဂါနေ့မနက်ပိုင်းက ဖတ်လိုက်ရတယ်။ ကျွန်တော့်အမြင်ဘက်က ပြောရမယ်ဆိုရင်၊ ကျွန်တော်က သတင်းသမားတွေရဲ့ ထင်မြင်ချက်ကို မရပ်တန့်နိုင်ဘူးလေ။ ဒါပေမယ့် ပြောနိုင်တာတစ်ခုကတော့ နယူးကာဆယ်ယူနိုက်တက်နဲ့ ကျွန်တော် အဆက်အသွယ်လုံးဝမရှိပါဘူး။ ကျွန်တော် အရင်ကပြောခဲ့သလိုပါပဲ၊ ဒီဘောလုံးအသင်းအပေါ်ကိုပဲ ကျွန်တော်ဟာ ကတိကဝတ်ပြုထားပါတယ် ” လို့ ကောလဟာလတွေနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*