မန်ယူရဲ့ ပထမပိုင်းကို ကလော့ပ်သာ ကြည့်နေမယ်ဆိုရင် ကြိတ်ပျော်နေလောက်တယ်လို့ ဆိုလာတဲ့ ပေါလ်စခိုးလ်

[Unicode]

မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပထမပိုင်းမှာတင် ၂ ဂိုး ခွင့်ပြုပေးခဲ့ရပြီး၊ ဒုတိယပိုင်းအရောက်မှသာ ၃ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာ မန်ယူအသင်းရဲ့ ဒုတိယပိုင်းစွမ်းရည်ဟာ ကောင်းမွန်ခဲ့ပေမယ့်၊ ပထမပိုင်း စွမ်းဆောင်ရည်ကတော့ စိတ်ပူစရာအခြေအနေဖြစ်ခဲ့ကြောင်းနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်သာ အဆိုပွဲစဉ်ရဲ့ ပထမပိုင်းကို ကြည့်နေမယ်ဆိုရင် ကြိတ်ပျော်နေလောက်ပြီလို့ မန်ယူဂန္တဝင် ပေါလ်စခိုးလ်က ပြောဆိုပါတယ်။

“ ယူနိုက်တက်ပွဲကို ကြည့်ရတာ အတော်လေးစိတ်လှုပ်ရှားခဲ့ရပါတယ်၊ ဒုတိယပိုင်းထက် ပထမပိုင်းက ပြောစရာလေးတွေရှိခဲ့တယ်၊ အကယ်၍သာ သူတို့အနေနဲ့ ပိုကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရတာဆိုရင် သူတို့ ရှုံးနိုင်တယ်။ အတ္တလန်တာဘက်မှာက ကစားသမားငါးဦးလောက် ပျောက်နေတယ်။ စိတ်လှုပ်ရှားမှုတော့ ရခဲ့ပါတယ်၊ ဒါပေမယ့် ခြေစွမ်းပိုင်းကိုတော့ ကျွန်တော် သဘောမကျပါဘူး၊ အဲ့ဒါက စိတ်ပူဖို့ ကောင်းပါတယ်၊ စည်းလုံးမှုမရှိတာကို တွေ့ရတယ်၊ ပိုကောင်းတဲ့အသင်းကို သူတို့ ဒီလိုပုံစံနဲ့ ရင်ဆိုင်ကစားလို့ မရနိုင်ပါဘူး ”

“ အတော်ကောင်းတဲ့ ညတစ်ညပါပဲ၊ ဒါပေမယ့် ပထမပိုင်းကတော့ အဓိကစိတ်ပူစရာဖြစ်ခဲ့တယ်။ သာမန်ဆိုရင်တော့ ဒါက ပွဲကောင်းတစ်ပွဲပါ၊ သွင်းဂိုးတွေအများကြီးနဲ့ စိတ်လှုပ်ရှားစရာ‌ကောင်းတဲ့ ပွဲတစ်ပွဲပေါ့၊ ဒါပေမယ့် ကျွန်တော်ကတော့ လက်တွေ့ကျတာကို ပြောရမယ်၊ သူတို့ဆီကနေ ကျွန်တော် ဒီ့ထက်ပိုပြီး မျှော်လင့်တယ်၊ သူတို့အနေနဲ့ အခွင့်အရေးတွေကို ဒီလိုမျိုးဆက်တိုက်ခွင့်ပြုနေလို့မရပါဘူး။ သူတို့ကစားနေတာက လက်ခံနိုင်စရာကောင်းတဲ့ အသင်းပုံစံမျိုးပါပဲ၊ ဒါပေမယ့် ကမ္ဘာ့အဆင့်မှာ မရှိဘူး ”

“ လူတွေက ကျွန်တော်ဟာ စိတ်ဆင်းရဲအောင်ပြောနေတဲ့သူလို့ ထင်ကြတယ်၊ ဒါပေမယ့် ကျွန်တော် အဲ့ဒီပွဲကို ကြည့်တော့ ပိတ်ရက်မှာ ကစားရမယ့် လီဗာပူးလ်ပွဲနဲ့၊ နိုဝင်ဘာ ၆ ရက်မှာ ကစားရမယ့် မန်စီးတီးတို့ ပွဲတွေအကြောင်းကို တွေးမိတယ်။ ‌အဲ့ဒီအသင်းတွေကို ကွင်းလယ်ဗဟိုနှစ်ဦးနဲ့ သူတို့ရင်ဆိုင်ကစားမယ်ဆိုရင်၊ သုံးဂိုး လေးဂိုးလောက်အသွင်းခံရပြီးရင်၊ ပြန်လာနိုင်မာ မဟုတ်တော့ဘူး။ ဒုတိယပိုင်းမှာ ဘောလုံးကန်သွင်းတာတွေ၊ ဖြတ်တင်ဘောတွေလုပ်တာကို မြင်ရတာ အတော်ကောင်းပါတယ်၊ ဒါပေမယ့် ပထမပိုင်းကတော့ စိတ်ပူစရာပါပဲ ”

“ ကောင်းမွန်တဲ့ စိတ်ဓါတ်မျိုး သူတို့ ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးတွေအများကြီး သူတို့ ခွင့်ပြုပေးခဲ့ရတယ်၊ ပြိုင်ဘက်က အရည်အချင်းရှိတဲ့သူတွေဆို သူတို့ အဲ့ဒီပွဲသေချာပေါက် မနိုင်‌လောက်ဘူး။ လီဗာပူးလ်နဲ့ပွဲကျ သူတို့ကောင်းကောင်းကစားနိုင်မာမလို့လား၊ ယာဂန် ကလော့ပ်က အိမ်မှာ အဲ့ဒီပထမပိုင်းကို ကြည့်ရင်း သူ့လက်နှစ်ဖက်ကို ပွတ်ပြ‌ီးတော့ ကြိတ်ပျော်နေ‌တယ်လို့ တွေးကြည့်စမ်းပါ။ အတ္တလန်တာက ဘောလုံးပိုင်ဆိုင်မှုတွေအများကြီး ရခဲ့တယ်၊ အိမ်ကွင်းမှာတောင် နှစ်ဂိုးအကြောပေးလိုက်ရတယ်ဆိုကတည်းက ခြေစွမ်းပိုင်းက‌ ကောင်းလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]
မန်ယူရဲ့ ပထမပိုင်းကို ကလော့ပ်သာ ကြည့်နေမယ်ဆိုရင် ကြိတ်ပျော်နေလောက်တယ်လို့ ဆိုလာတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပထမပိုင်းမှာတင် ၂ ဂိုး ခွင့်ပြုပေးခဲ့ရပြီး၊ ဒုတိယပိုင်းအရောက်မှသာ ၃ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ခက်ခက်ခဲခဲအနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာ မန်ယူအသင်းရဲ့ ဒုတိယပိုင်းစွမ်းရည်ဟာ ကောင်းမွန်ခဲ့ပေမယ့်၊ ပထမပိုင်း စွမ်းဆောင်ရည်ကတော့ စိတ်ပူစရာအခြေအနေဖြစ်ခဲ့ကြောင်းနဲ့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်သာ အဆိုပွဲစဉ်ရဲ့ ပထမပိုင်းကို ကြည့်နေမယ်ဆိုရင် ကြိတ်ပျော်နေလောက်ပြီလို့ မန်ယူဂန္တဝင် ပေါလ်စခိုးလ်က ပြောဆိုပါတယ်။

“ ယူနိုက်တက်ပွဲကို ကြည့်ရတာ အတော်လေးစိတ်လှုပ်ရှားခဲ့ရပါတယ်၊ ဒုတိယပိုင်းထက် ပထမပိုင်းက ပြောစရာလေးတွေရှိခဲ့တယ်၊ အကယ်၍သာ သူတို့အနေနဲ့ ပိုကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ကစားရတာဆိုရင် သူတို့ ရှုံးနိုင်တယ်။ အတ္တလန်တာဘက်မှာက ကစားသမားငါးဦးလောက် ပျောက်နေတယ်။ စိတ်လှုပ်ရှားမှုတော့ ရခဲ့ပါတယ်၊ ဒါပေမယ့် ခြေစွမ်းပိုင်းကိုတော့ ကျွန်တော် သဘောမကျပါဘူး၊ အဲ့ဒါက စိတ်ပူဖို့ ကောင်းပါတယ်၊ စည်းလုံးမှုမရှိတာကို တွေ့ရတယ်၊ ပိုကောင်းတဲ့အသင်းကို သူတို့ ဒီလိုပုံစံနဲ့ ရင်ဆိုင်ကစားလို့ မရနိုင်ပါဘူး ”

“ အတော်ကောင်းတဲ့ ညတစ်ညပါပဲ၊ ဒါပေမယ့် ပထမပိုင်းကတော့ အဓိကစိတ်ပူစရာဖြစ်ခဲ့တယ်။ သာမန်ဆိုရင်တော့ ဒါက ပွဲကောင်းတစ်ပွဲပါ၊ သွင်းဂိုးတွေအများကြီးနဲ့ စိတ်လှုပ်ရှားစရာ‌ကောင်းတဲ့ ပွဲတစ်ပွဲပေါ့၊ ဒါပေမယ့် ကျွန်တော်ကတော့ လက်တွေ့ကျတာကို ပြောရမယ်၊ သူတို့ဆီကနေ ကျွန်တော် ဒီ့ထက်ပိုပြီး မျှော်လင့်တယ်၊ သူတို့အနေနဲ့ အခွင့်အရေးတွေကို ဒီလိုမျိုးဆက်တိုက်ခွင့်ပြုနေလို့မရပါဘူး။ သူတို့ကစားနေတာက လက်ခံနိုင်စရာကောင်းတဲ့ အသင်းပုံစံမျိုးပါပဲ၊ ဒါပေမယ့် ကမ္ဘာ့အဆင့်မှာ မရှိဘူး ”

“ လူတွေက ကျွန်တော်ဟာ စိတ်ဆင်းရဲအောင်ပြောနေတဲ့သူလို့ ထင်ကြတယ်၊ ဒါပေမယ့် ကျွန်တော် အဲ့ဒီပွဲကို ကြည့်တော့ ပိတ်ရက်မှာ ကစားရမယ့် လီဗာပူးလ်ပွဲနဲ့၊ နိုဝင်ဘာ ၆ ရက်မှာ ကစားရမယ့် မန်စီးတီးတို့ ပွဲတွေအကြောင်းကို တွေးမိတယ်။ ‌အဲ့ဒီအသင်းတွေကို ကွင်းလယ်ဗဟိုနှစ်ဦးနဲ့ သူတို့ရင်ဆိုင်ကစားမယ်ဆိုရင်၊ သုံးဂိုး လေးဂိုးလောက်အသွင်းခံရပြီးရင်၊ ပြန်လာနိုင်မာ မဟုတ်တော့ဘူး။ ဒုတိယပိုင်းမှာ ဘောလုံးကန်သွင်းတာတွေ၊ ဖြတ်တင်ဘောတွေလုပ်တာကို မြင်ရတာ အတော်ကောင်းပါတယ်၊ ဒါပေမယ့် ပထမပိုင်းကတော့ စိတ်ပူစရာပါပဲ ”

“ ကောင်းမွန်တဲ့ စိတ်ဓါတ်မျိုး သူတို့ ပြနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် အခွင့်အရေးတွေအများကြီး သူတို့ ခွင့်ပြုပေးခဲ့ရတယ်၊ ပြိုင်ဘက်က အရည်အချင်းရှိတဲ့သူတွေဆို သူတို့ အဲ့ဒီပွဲသေချာပေါက် မနိုင်‌လောက်ဘူး။ လီဗာပူးလ်နဲ့ပွဲကျ သူတို့ကောင်းကောင်းကစားနိုင်မာမလို့လား၊ ယာဂန် ကလော့ပ်က အိမ်မှာ အဲ့ဒီပထမပိုင်းကို ကြည့်ရင်း သူ့လက်နှစ်ဖက်ကို ပွတ်ပြ‌ီးတော့ ကြိတ်ပျော်နေ‌တယ်လို့ တွေးကြည့်စမ်းပါ။ အတ္တလန်တာက ဘောလုံးပိုင်ဆိုင်မှုတွေအများကြီး ရခဲ့တယ်၊ အိမ်ကွင်းမှာတောင် နှစ်ဂိုးအကြောပေးလိုက်ရတယ်ဆိုကတည်းက ခြေစွမ်းပိုင်းက‌ ကောင်းလိမ့်မယ်လို့ က

Be the first to comment

Leave a Reply

Your email address will not be published.

*