ကစားသမားတွေက ဆိုးလ်ရှားအပေါ်ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ ဘရူနို ဖာနန်ဒက်စ်

[Unicode]
ကစားသမားတွေက ဆိုးလ်ရှားအပေါ်ယုံကြည်နေဆဲဖြစ်ကြောင်း ပြောကြားလာတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပုံစံဆိုးရွားနေပေမယ့်၊ အသင်းကစားသမားတွေဟာ နည်းပြဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှားအပေါ်ကို ယုံကြည်နေဆဲဖြစ်ကြောင်းနဲ့၊ ဆိုးလ်ရှားရဲ့ နောက်မှာ အပြည့်အဝရပ်တည်နေကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄-၂ နဲ့ ရှုံးနိမ့်ခဲ့သလို၊ ကြားရက်မှာ ကစားခဲ့တဲ့ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ပေးဂိုး ၂ ဂိုးခွင့်ပြုပေးခဲ့ရပြီးတော့မှ နောက်ကလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

အခုလို ရလဒ်ဆိုးတွေနဲ့ စွမ်းဆောင်ရည်ဆိုးတွေ ရှိနေပေမယ့်၊ မန်ယူကစားသမားတွေအားလုံးဟာ နည်းပြ ဆိုးလ်ရှားရဲ့ နောက်မှာ ရပ်တည်နေဆဲဖြစ်ကြောင်း မန်ယူ ကွင်းလယ်ကြည်ပွင့် ဘရူနို ဖာနန်ဒက်စ်က အခုလိုပဲ ပြောဆိုလာပါတယ်။

“ ဘာတွေပဲဖြစ်နေဖြစ်နေ၊ သူက ကျွန်တော်တို့ရဲ့ နည်းပြပဲလေ။ နေ့တိုင်း သူ့ဆီကနေ ကျွန်တော်တို့ သင်ယူပါတယ်။ ကျွန်တော်တို့ အဲ့ဒါကို ပြသခဲ့ပါတယ်။ သူ့ရဲ့ အစီအစဉ်တွေတိုင်း ကျွန်တော်တို့ လိုက်နာပါတယ်၊ ပြီးတော့ ဆက်ပြီးတော့လည်း ကျွန်တော်တို့ အဲ့ဒီအတိုင်းလုပ်သွားအုန်းမာပါပဲ။ ကျွန်တော်တို့ရဲ့ နည်းပြနဲ့ နည်းပြအဖွဲ့ဝင်တွေအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ နည်းပြက ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်၊ ဘာလို့လဲဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်နည်းပြကို လေးစားရမယ်လေ ”

“ သူ ဒီမှာရောက်နေတာ သုံးနှစ်ရှိပါပြီ၊ ကောင်းတဲ့အရာတွေကို ကျွန်တော်တို့ အတူတကွလုပ်ခဲ့ပါတယ်။ အခုထိ ဘာဖလားမှ မရသေးဘူးဆိုတာတော့ မှန်ပါတယ်၊ ဒါပေမယ့် အသင်းက အများကြီးတိုးတက်လာတာကို ပြသနေပါတယ်။ ကျွန်တော်တို့မှာ တိုးတက်ဖို့အများကြီးလိုပါသေးတယ်၊ တစ်ချို့နေရာလေးတွေမှာ တိုးတက်ဖို့လိုသေးတယ်ဆိုတာ နည်းပြလည်း သိပါတယ်၊ ဒါပေမယ့် ဒါက ဘောလုံးလောကရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ နေ့တိုင်း ကျွန်တော်တို့ အသစ်အဆန်းတွေကို သင်ယူနေကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*