လက်စတာနဲ့ပွဲအပြီးမှာ ပြောခဲ့တဲ့ ပေါ့ဘာရဲ့ စကားအပေါ် သဘောမကျမိကြောင်းဆိုလာတဲ့ ဖာဒီနန်

[Unicode]
လက်စတာနဲ့ပွဲအပြီးမှာ ပြောခဲ့တဲ့ ပေါ့ဘာရဲ့ စကားအပေါ် သဘောမကျမိကြောင်းဆိုလာတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်သူ ရီရို ဖာဒီနန်က ပြီးခဲ့တဲ့ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်သူ ပေါလ် ပေါ့ဘာ ပြောဆိုခဲ့တဲ့ စကားနဲ့ ပတ်သက်ပြီး သဘောမကျမိကြောင်း တုံ့ပြန် ပြောဆိုလာပါတယ်။

ပေါ့ဘာက သူတို့အနေနဲ့ အရှုံးနဲ့ ထိုက်တန်ကြောင်း၊ ဒီလိုရှုံးပွဲ‌မျိုးတွေ ကြုံ‌နေရတာကြာပြီဖြစ်ကြောင်း၊ ပြဿနာကို ရှာမတွေ့သေးကြောင်းနဲ့ တစ်ခုခုကိုရှာဖွေပြီး၊ အပြောင်းအလဲလုပ်ဖို့ လိုနေကြောင်း ပွဲအပြီးမှာ နည်းပြ ဆိုးလ်ရှားရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ရည်ရွယ်ကာ မေးခွန်းထုတ်သွားခဲ့တာ ဖြစ်ပါတယ်။

“ ဘာလို့လဲတော့မသိဘူးဗ‌ျာ၊ အဲ့ဒီစကားကြီးက ကျွန်တော့်အတွက် မြင်ရတာကော၊ ကြားရတာကော အဆင်မပြေပါဘူး။ အရိုးသားဆုံးပြောရမယ်ဆိုရင်၊ ကျွန်တော်သာ မန်ယူနိုက်တက်ကစားသမားတစ်ဦး ဖြစ်နေဆဲဆိုရင်၊ အသင်းဖော်ကစားသမားက ဒီလိုမျိုးပြောတာကို ကျွန်တော်သာဆို သဘောကျမာမဟုတ်ပါဘူး။ ဒီစကားရဲ့ ဆိုလိုရင်းက ဘာလဲဆိုပြီး သူ့ကို တည့်သွားမေးမာပါ။ တကယ်တော့ ကျွန်တော် သူပြောတာကို သဘောတူပါတယ်၊ ဒါပေမယ့် ပေါ့ဘာက ရိုးသားပွင့်လင်းတဲ့ကောင်လေးလို့ ထင်ပါတယ်၊ ဒါက သူနဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျမိတဲ့ အချက်ပဲ ”

“ သူက စိတ်ဆန္ဒတွေ အရမ်းပြင်းပြနေတယ်၊ သူက အနိုင်ရချင်နေတယ်။ သူပြောခဲ့တဲ့ စကားက စိတ်ပျက်စရာတွေရှိနေတယ်လို့ ကျွန်တော့်ကို ပြောပြနေတယ်၊ အသင်းအတွင်းပိုင်းမှာ စိတ်ပျက်အားငယ်မှုတွေရှိနေတာကိုပေါ့။ အဲ့ဒါကို သူ ဖုံးကွယ်မထားပါဘူး၊ အဲ့ဒါကို သူ ဖုံးကွယ်လို့လည်း မရနိုင်ဘူး။ ပုံမှန်အတိုင်းဆိုရင်တော့၊ ပွဲအပြီး အင်တာဗျုးတွေမှာ ခင်ဗျားတို့အနေနဲ့ ကြားနေကြ စကားတွေပဲ ကြားရမာပါ၊ ဒါပေမယ့် သူက အဲ့ဒီနေ့တုန်းက ဦးနှောက်စားစေမယ့် မေးခွန်းအချို့ကို ပြောခဲ့တယ် ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*