မက်ဆီထက် ရိုနယ်ဒိုကသာ ဒီနှစ်ဘလွန်းဒီအော်ဆုနဲ့ဘာလို့ ပိုထိုက်တန်သလဲဆိုတာ ရှင်းပြလာတဲ့ ဖာဂူဆန်

[Unicode]

ယခုနှစ် ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်း ထွက်ရှိအပြီးမှာ၊ ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ် မက်ဆီ၊ ဘိုင်ယန်မြူးနစ်စတား ရောဘတ် လီဝန် ဒေါ့စကီးနဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့က ဘလွန်းဒီအော်ဆု ရဖို့အတွက် ရေပန်းအစားဆုံး စာရင်းထဲမှာထိပ်ဆုံးက ပြေးနေပေမယ့်၊ ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကတော့ ဒီရာသီ ဘလွန်းဒီအော်ဆုကို ရိုနယ်ဒိုသာ ရသင့်တယ်လို့ ပြောဆိုပါတယ်။

ခရစ္စတီရာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အဓိကပြိုင်ဘက်ကစားသမားဖြစ်သူ လီယွန်နယ် မက်ဆီထက် တစ်ကြိမ်လျော့နည်းပြီး ဘလွန်းဒီအော်ဆု ငါးကြိမ်ရရှိထားပါတယ်။ ယခုနှစ် နွေရာသီဈေးကွက်တုန်းက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ပြောင်‌းရွှေ့သွားခဲ့တဲ့ အာဂျင်တီးနားစတား လီယွန်နယ် မက်ဆီဟာ အခုတစ်ကြိမ်မှာလည်း သူ့ရဲ့ ခုနှစ်ခုမြောက် ဘလွန်းဒီအော်ဆုကို ရဖို့ ထင်ကြေးပေးခံရဆုံး ကစားသမားဖြစ်နေပါတယ်။

ဒါပေမယ့် ဘောလုံးလောကမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်က သူ့ရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုသာ ရသင့်တဲ့ အကြောင်း အခုလိုပြောဆိုပါတယ်။ “ ခရစ္စတီရာနိုက ဒီဆုကို ရဖို့အတွက် ထိုက်တန်ပါတယ်။ ဒီနှစ်မှာဆိုရင် စံချိန်တွေ တစ်ခုပြီး၊ တစ်ခု သူ ချိုးဖျက်နိုင်ခဲ့တာကြောင့်ပါ ” လို့ ပြောဆိုပါတယ်။ ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့သလို၊ Coppa Italia ဖလားကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် ရိုနယ်ဒိုဟာ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားဆိုတဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူဂျော့မန်ဒက်စ်ကလည်း “ ဘလွန်းဒီအော်ဆုကို ရိုနယ်ဒိုသာ ရသင့်တယ်။ သူ့အတွက် ဒီနှစ်က အထိုက်တန်ဆုံး နှစ်တစ်နှစ်ပါ။ စီးရီးအေမှာကော ယူရိုမှာကော သွင်းဂိုးအများဆုံးဖြစ်ခဲ့တယ်။ သူက မတူညီတဲ့ နိုင်ငံသုံးခုမှာ ဆုဖလားတွေအကုန်ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားပါ ” လို့ ပြောဆိုပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*