မန်ယူကစားသမားတွေက အတ္တအပြည့်နဲ့ ကလေးတွေအတိုင်းပဲလို့ ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီးလ်

[Unicode]
မန်ယူကစားသမားတွေက အတ္တအပြည့်နဲ့ ကလေးတွေအတိုင်းပဲလို့ ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီးလ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဂယ်ရီ နဗီးလ်က ပြီးခဲ့တဲ့ လက်စတာနဲ့ ပွဲက မန်ယူအသင်းရဲ့ ခြေစွမ်းကို ဝေဖန်လိုက်ပြီး‌တော့ မန်ယူအသင်း ကစားသမားတွေဟာ အတူတကွကောင်းကောင်းတွဲကစားဖို့ရာအတွက် အတ္တများလွန်းနေတဲ့ ကလေးတွေအတိုင်းပဲလို့ ခေါ်ဆိုဝေဖန်လိုက်ကာ၊ မန်ချက်စတာစီးတီး၊ လီဗာပူးတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ နှိုင်းယှဉ် ပြောဆိုလိုက်ပါတယ်။

“ ယူနိုက်တက်က ပွဲတစ်လျှောက်လုံးကြောက်လန့်နေခဲ့တယ်။ ဒုတိယပိုင်းမှာ အလွန့်အလွန်ကြီးမားတဲ့ အပြောင်းအလဲ ရှိခဲ့တယ်၊ လက်စတာက တိုက်စစ်ဆင်လိုက်တိုင်း ဂိုးရနိုင်တဲ့ ပုံစံမျိုးမှာရှိခဲ့တယ်။ ယူနိုက်တက်က အတော်လေး လျော့တိလျော့ရဲဖြစ်နေတယ်၊ နေရာလွတ်တွေက နေရာတိုင်းမှာ ရှိနေပြီးတော့၊ ကြည့်ရတာ အတော်လေးဆိုးရွားပါတယ်။ သူတို့ကိုယ်သူတို့ ပိုတော်တယ်လို့ ထင်နေပုံပါပဲ။ သူတို့မှာ တစ်ဦးချင်းအမှားလေးတွေရှိခဲ့သလို အသင်းလိုက်ချိတ်ဆက်မှုတွေလည်း လိုခဲ့တယ်။ ဒီယူနိုက်တက်အသင်းက သွင်းဂိုးတွေကို တုံ့ပြန်ပုံကလည်း အတော်ညံ့ပါတယ် ”

“ သူတို့က ကလေးတွေအတိုင်းပဲ။ သူတို့ ဂိုးသွင်းလိုက်နိုင်ပြီဆို၊ ရင်တကော့ကော့နဲ့ သူတို့ရဲ့ အတ္တကိုထုတ်ပြကြတာ။ တကယ်ကိုအခြေခံကျတဲ့ အမှားတွေပါ။ စီးတီးနဲ့ လီဗာပူးလ်ကစားသမားတွေကတော့ အမဲလိုက်ခွေးတွေအတိုင်းပဲ။ မန်ယူနိုက်တက်က ကစားသမားတွေက သူတို့လောက် မကြိုးစားတာကို ကျွန်တော်တို့က ဘာလို့လက်ခံပေးနေရတာလဲ ? အိုလီအနေနဲ့ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဆွဲထုတ်ပေးမှ ရမယ်။ အကယ်၍သာ သူမလုပ်နိုင်ဘူးဆိုရင်တော့၊ ရာသီအကုန်ရောက်ရင် ကြီးမားတဲ့ ပြဿနာကြီး သူ့မှာ ရှိလာနိုင်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*