ဂရေးလစ်ရှ်ကို ပေါင်သန်း ၁၀၀ ပေးပြီးဘာလို့ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဂွါဒီယိုလာ

[Unicode]
ဂရေးလစ်ရှ်ကို ပေါင်သန်း ၁၀၀ ပေးပြီးဘာလို့ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွါဒီယိုလာက အသင်းမှာတိုက်စစ်အားသန် ကစားသမား အများအပြားရှိနေပြီးဖြစ်ပေမယ့်လည်း၊ ဂျက်ဂရေးလစ်ရှ်ကို အက်စ်တွန်ဗီလာအသင်းကနေ ဘာအကြောင်းရင်းကြောင့် ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာပါတယ်။ ဂရေးလစ်ရှ်ဟာ ဩဂုတ်လမှာ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက် ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီး‌ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်း မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဖလားသုံးကြိမ်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာက အောင်မြင်တဲ့ အသင်းတစ်သင်းအတွက် ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။

“ ကျွန်တော်တို့ ဂရေးလစ်ရှ်ကို ခေါ်ခဲ့တာက ပြိုင်ဘက်ဂိုးဧရိယာအနားမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ။ သူက ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှည့်ဖျားနိုင်ပြီးတော့၊ သူ့ရဲ့ အသင်းဖော်တွေအတွက် ပြေးလမ်းရှာပေးနိုင်တယ်။ ကျွန်တော်တို့မှာ အဲ့ဒီလို ကစားသမားမျိုးတွေအများကြီး ရှိပြီးသားပါ၊ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ယောက်ထပ်ခေါ်ခဲ့တယ်၊ ဘာလို့လဲဆိုရင် ပြိုင်ပွဲတွေအများကြီးမှာ ပွဲတွေအများကြီး ကျွန်တော်တို့ ကစားရမာမို့ပါ ”

“ သူက ပြီးပြည့်စုံတဲ့ အသက်အရွယ်မှာ ရှိနေပါတယ်၊ ပြီးတော့ အဲ့ဒီပြိုင်ပွဲတွေမှာ ခင်ဗျားအနေနဲ့ ထိပ်ဆုံးကို ရောက်နေမယ်ဆိုရင်၊ အသင်းအနေနဲ့ အနည်းငယ်လောက်တော့ အပြောင်းအလဲလုပ်ပေးရပါမယ်၊ အဲ့ဒီလိုမှမဟုတ်ရင် ခက်ခဲနိုင်ပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းကလည်း ကစားသမားအသစ်ရဲ့ ဖိအားကို ခံရမာဖြစ်သလို၊ ကစားသမားအသစ်ကလည်း အသင်းကဘာတွေလုပ်ခဲ့သလဲဆိုတာ နားလည်ရပါမယ်။ အသင်းကြီးမှန်သမျှဒီလိုပဲလုပ်ကြပါတယ် ” လို့ ပြောဆိုပါတယ်။

[Zawgyi]
ဂရေးလစ်ရ်ှကို ပေါင်သန်း ၁၀၀ ပေးပြီးဘာလို့ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွါဒီယိုလာက အသင်းမှာတိုက်စစ်အားသန် ကစားသမား အများအပြားရှိနေပြီးဖြစ်ပေမယ့်လည်း၊ ဂျက်ဂရေးလစ်ရ်ှကို အက်စ်တွန်ဗီလာအသင်းကနေ ဘာအကြောင်းရင်းကြောင့် ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာပါတယ်။ ဂရေးလစ်ရ်ှဟာ ဩဂုတ်လမှာ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီးတဲ့နောက် ပရီးမီးယားလိဂ်ရဲ့ ဈေးအကြီး‌ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေးနှစ်အတွင်း မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဖလားသုံးကြိမ်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ နည်းပြ ဂွါဒီယိုလာက အောင်မြင်တဲ့ အသင်းတစ်သင်းအတွက် ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။

“ ကျွန်တော်တို့ ဂရေးလစ်ရ်ှကို ခေါ်ခဲ့တာက ပြိုင်ဘက်ဂိုးဧရိယာအနားမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ။ သူက ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှည့်ဖျားနိုင်ပြီးတော့၊ သူ့ရဲ့ အသင်းဖော်တွေအတွက် ပြေးလမ်းရှာပေးနိုင်တယ်။ ကျွန်တော်တို့မှာ အဲ့ဒီလို ကစားသမားမျိုးတွေအများကြီး ရှိပြီးသားပါ၊ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ယောက်ထပ်ခေါ်ခဲ့တယ်၊ ဘာလို့လဲဆိုရင် ပြိုင်ပွဲတွေအများကြီးမှာ ပွဲတွေအများကြီး ကျွန်တော်တို့ ကစားရမာမို့ပါ ”

“ သူက ပြီးပြည့်စုံတဲ့ အသက်အရွယ်မှာ ရှိနေပါတယ်၊ ပြီးတော့ အဲ့ဒီပြိုင်ပွဲတွေမှာ ခင်ဗျားအနေနဲ့ ထိပ်ဆုံးကို ရောက်နေမယ်ဆိုရင်၊ အသင်းအနေနဲ့ အနည်းငယ်လောက်တော့ အပြောင်းအလဲလုပ်ပေးရပါမယ်၊ အဲ့ဒီလိုမှမဟုတ်ရင် ခက်ခဲနိုင်ပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းကလည်း ကစားသမားအသစ်ရဲ့ ဖိအားကို ခံရမာဖြစ်သလို၊ ကစားသမားအသစ်ကလည်း အသင်းကဘာတွေလုပ်ခဲ့သလဲဆိုတာ နားလည်ရပါမယ်။ အသင်းကြီးမှန်သမျှဒီလိုပဲလုပ်ကြပါတယ် ” လို့ ပြောဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*