အမ်ဘာပေကိုခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ဒမ်ဘီလီကိုသာ ခေါ်ယူခဲ့ကြောင်း ဘာစီလိုနာဥက္ကဌဟောင်း ဝန်ခံ

[Unicode]

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်းဖြစ်သူ ဂျိုးစပ် မာရီရာ ဘာတိုမျုးက ၂၀၁၇ ခုနှစ်မှာ အသင်းအနေနဲ့ ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့ရာအတွက် အခွင့်အရေး ရရှိခဲ့ပေမယ့်၊ အဲ့ဒီ့အစား အူးစ်မန်း ဒမ်ဘီလီကိုသာ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ဒေါ့မွန်အသင်းကနေ ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၁၂၄ သန်းအထိ အသုံးပြုခဲ့ရပေမယ့်၊ ဒမ်ဘီလီဟာ မရေမတွက်နိုင်တဲ့ ဒဏ်ရာပြဿနာတွေရခဲ့တာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဘာကာ ဥက္ကဌဟောင်းဖြစ်သူ ဘာတိုမျိူးကတော့ အခုလိုအသင်းရဲ့ အဆိုးရွားဆုံး ခေါ်ယူမှုတစ်ရပ်ဖြစ်တဲ့ ဒမ်ဘီလီကို ခေါ်ယူခဲ့တာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း အခုလိုပဲ ပြောဆိုလာပါတယ်။ “ အမ်ဘာပေကို ခေါ်ယူလို့ရမယ့် အခွင့်အရေးက စားပွဲပေါ်မှာပဲ အသင့်ရှိနေခဲ့တယ်၊ ဒါပေမယ့် ဘာကာ နည်းပြတွေက အူးစ်မန်း ဒမ်ဘီလီကိုပဲ ပိုကြိုက်ပြီးတော့ ပိုခေါ်ချင်ခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ကွင်းထဲမှာ ဖြန့်ကျက်ကစားနိုင်တဲ့ ကစားသမားမျိုးကို လိုချင်ခဲ့တာကြောင့်ပါ ” လို့ ပြောဆိုပါတယ်။

ဘာစီလိုနာအနေနဲ့ အခုလို ငွေကြေးတွေ အလဟဿဖြစ်ကုန်တာဟာ ဒမ်ဘီလီတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ လီဗာပူးလ်အသင်းကနေ ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘရာဇီးလက်ရွေးစင် ဖီလစ်ပီ ကော်တင်ဟိုဟာလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တာဖြစ်ပါတယ်။ အခုလို ဈေးကြီးပေးပြီးခေါ်ခဲ့တဲ့ ခေါ်ယူမှုတွေဟာ လက်တွေ့မှာ အလုပ်မဖြစ်ခဲ့ဘူးဆိုတာ ဥက္ကဌ ဘာတိုမျူးက လက်ခံပေမယ့်၊ သူတို့ကို ဘာအကြောင်းရင်းကြောင့် ခေါ်ခဲ့သလဲဆိုတာ ရှင်းပြလာပါတယ်။

“ တစ်ချို့‌‌ ဈေးကြီးပေးခဲ့ရတဲ့ခေါ်ယူမှုတွေက ‌ကျွန်တော်တို့ မျှော်မှန်းထားသလောက်ဖြစ်မလာခဲ့ပါဘူး၊ ဒါပေမယ့် ဘောလုံး‌လောကမှာ ဒါတွေက ဖြစ်နေကျပါပဲ။ အဲ့ဒီကစားသမားနှစ်ဦးကို ခေါ်တုန်းကတော့ လူတိုင်းက လက်ခုပ်တီးကြပါတယ်။ ကော်တင်ဟိုရောက်လာတာက အင်နီရမ်စတား ထွက်သွားလို့ပါ။ သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ခဲ့တယ်လေ။ ဒမ်ဘီလီကို ခေါ်ခဲ့တယ်ဆိုတာကလည်း နေမာ ထွက်သွားတာကြောင့်ပါ ” လို့ ပြောဆိုခဲ့ပါတယ်။

[Zawgyi]

Be the first to comment

Leave a Reply

Your email address will not be published.

*